Sunday, December 23, 2007

မွေးနေ့

ဒီဇင်ဘာလ 23 ရက်နေ့ ကျနော့်တူမလေး အသက်တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ယနေ့မှ နောက်နှစ်ပေါင်းများစွာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါ စေလို့ ကျနော်ဆုတောင်းလိုက်ပါတယ်။ ကျနော့် တူမလေးရဲ့ဓါတ်ပုံတွေတင်ထား ပါတယ်။ အဲ သူကျွေးတဲ့ ကိတ်မဲကြီးကိုလည်းစားသွားကြပါအုံးနော် . . .







ဘယ်လိုလဲ တူမလေးက ချစ်ဖို့ကောင်းတယ်မဟုတ်လား။ အဲ . . . အမေပြောတော့ ကျနော် ငယ်ငယ်တုန်းက ဒီ့ထက်ပိုချစ်ဖို့ကောင်းတယ်လို့ ပြောတာပဲ ဟုတ်မယ် ထင်တယ်နော် . . .

7 ယောက်ကဒီလိုမြင်ပါတယ်:

မေပျို said...

ကိုမော်စီ့တူမလေးက တော်တော်ချစ်ဖို့ကောင်းတယ်နော်။ သဲက ကလေးချစ်တတ်လို့လားတော့ သိဝူး။ ဟီးးးး တစ်နှစ်ဆိုပြီး ထွားလိုက်တာနော်။ သူချစ်ဖို့ကောင်းတာ လက်ခံပေမယ့် ကြားထဲက ကြော်ငြာဝင်သွားတဲ့ ကိုမော်စီက ချစ်ဖို့ကောင်းတယ်ဆိုတာတော့ ဟုတ်မယ်မထင်ဘူးနော်။ ဟီးးးး စိတ်ဆိုးနဲ့နော်။ နောက်တာ။ အတည်။

su wai said...

ကိုမော်စီ့တူမလေးက တကယ် ချစ်ဖို့ကောင်းပါတယ်။ ကလေးတွေရဲ့ မျက်နှာလေးတွေက အပြစ်ကင်းစင်ပြီး မြင်ရတဲ့သူကို စိတ်အေးချမ်းစေတယ်နော်…။ တူမလေးက နာမည်ရော ပေးပြီးပြီလား… ။ အသက်တစ်နှစ်ပြည့် မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ် မွေးနေ့လေးတွေကို ဆင်နွှဲနိုင်ပါစေ …
Happy Birthday Baby !!

Su said...

ညီမလေးကချစ်ဖို့ ကောင်းလိုက်တာနော်။
ညီမလေးရေ HaPpy BiRtHday ပါ။ ပျော်ရွှင်ပါစေ !!!!

မီးလေး said...

ကိုမော်စီတူမလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ... မွေးနေ့မှာပျော်ရွှင်ပါစေရှင်... ဒါနဲ့ စကားမစပ် ကပ်ကြွားတာလား?

Chaos said...

အားပါးချစ်ချာလေး
တူမလေးက
ဟတ်ဟတ်
ပါးလေးက ဖောင်းဖောင်းလေးနော်
ကိုက်ကြည့်ချင်လိုက်တာ
ဟိဟိ

Google Myanmar Services said...

မော်စီရေး ကလေးချစ်တတ်တဲ့ အထဲမှာ အစ်ကိုလည်းပါတယ်နော်။ မွေးနေ့လက်ဆောင်လေးပါးလိုက်တယ်။ အင်္ကျီလေး လှလားဟင်၊ ၀ယ်ပေးတဲ့ ယဉ်စနိုင်း ကိုလည်းကျေးဇူးနော်..
တူမလေး ပညာတတ်ကြီးဖြစ်ပါစေလို့ ဦးဦး ဆုတောင်းပေပါတယ်ကွယ်။ နောက်ပြီး မွေးနေ့မှသည် နောင်နှစ်ပေါင်း 100 ကျော်တိုင်တိုင် ကျမ္မာပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။။
ဦးဦး ချစ်ဦး

diLo said...

sweet cute little gal!
uncle gyi yae..so lucky for u..
to have such a lovely niece!

happy belated birthday lil gal.
may u always wear a smile and remain innonce as u are now ..forever..

Post a Comment