Thursday, December 13, 2007

စိတ်

လူတွေမှာ အရေးအကြီးဆုံးကတော့ စိတ်ပါပဲ။ ဤစိတ်ဆိုတာကြီးကို ထိန်းလို့ရခဲ့ရင်
တော့ ပြီးပြီ ဘာမှမလိုတော့ဘူး။ လူတွေကို ပျော်အောင်လုပ်နေတာလည်း ဒီစိတ်ပဲ
ဝမ်းနည်းအောင် လုပ်နေတာလည်း ဒီစိတ်ပါပဲ။

ကျနော်တို့ ဘုရားရှင်ကလည်း ဒီစိတ်ကိုထိန်းဖို့ ဟောကြားခဲ့တာပါ။ စိတ်ဆိုတဲ့ဟာ
က မကောင်းတဲ့နေရာမှာ ပိုပြီးတော့ပျော်မွေ့တတ်ပါတယ်။ ဥပမာ ကျနော်တို့ စာကျက်နေတဲ့အချိန် အိပ်ငိုက်တာ မကောင်းမှန်းလူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီ
မကောင်းတဲ့ အိပ်ငိုက်တာကိုပဲ ကျနော်တို့စိတ်ကလိုချင်တာလေ။ ဒါကိုလူတိုင်းလိုလို
ကြုံခဲ့ဖူးမှာပါ။

ကျနော်တို့ အိပ်ငိုက်တယ်ဆိုတဲ့စိတ်ကနေ စာကျက်ချင်လာအောင် လုပ်ယူရတာလဲ
မလွယ်ပါဘူးနော်။ အိပါငိုက်ပြေအောင် မျက်နှာသစ်ရတာနဲ့ အချဉ်လေးစားရတာနဲ့
အမျိုးမျိုးလုပ်ယူရတယ်။ ဒါတောင် သူကကြာကြာခံတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ စိတ်ကို အလိုလိုက်ရင်တော့ မကောင်းတာဖြစ်မှာပဲလေ။

ကျနော်တို့ လူ့ခန္ဓာတစ်ခုလုံးကို ဤစိတ်တစ်ခုက ထိန်းချုပ်ထားတာပါ။ ကြိုက်တာ၊
မကြိုက်တာ၊ ချစ်တာ၊ မုန်းတာ၊ လိုချင်တာ၊ မလိုချင်တာ အို . . . အများကြီးပဲ အဲဒီ
စိတ်တစ်ခုတည်းနဲ့ ဖြစ်နေတာပါ။ ဒါပေမယ့် ဘယ်လိုဘဲပြောပြော အဲဒီစိတ်ကို ထိန်း
နိုင်ဖို့ အခက်သားဗျ။ ကျနော်တာ စိတ်အကြောင်းလေး ရေးနေတာ ကျနော်လည်း ကျနော့်စိတ်ကို အခုထိ ထိန်းလို့မရပါဘူး။

တစ်ကယ်လည်း ဘယ်သူမှလည်း စိတ်ကိုမထိန်းနိုင်ကြပါဘူး။ အနည်းအကျဉ်းမျှသာ
ထိန်းနိုင်ကြတာပါ။ တစ်ကယ်ထိန်းနိုင်တဲ့လူလည်း ရှိနိုင်ပါတယ်။ ဒါကလည်း တစ်ကယ်ရှားပါးပါတယ်။ ကျနော်လည်း ကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်းမြှင့်တင်
ဖို့ တရားစာအုပ်တွေဖတ်နေမိတယ်။ စိတ်ဒုက္ခရောက်မှ တရားစာအုပ်တွေ လိုက်ရှာ
ဖတ်ရတာ ကိုယ့်ကိုကိုယ်တော့ ရှက်မိသားဗျ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ ကျနော့်
မှာ ပြေစရာဆိုလို့ သာတွေပဲရှိတာလေ။

အရှင်ဆန္ဒာဓိကရေးတဲ့စာအုပ်တွေကိုဖတ်ပြီးတော့ ကျနော်တစ်ကယ်လည်းစိတ်
သက်သာရာရခဲ့မိပါတယ်။ စိတ်ကနဂိုတိုင်းပြန်ကောင်းသွားတဲ့ အထိတိုင်မဟုတ်
တောင်မှ စိတ်သက်သာရာရတာကိုပဲ ၀မ်းမြောက်မိပါတယ်။ တစ်နေ့တစ်ချိန်မှာတော့
ပြန်လည်ကောင်းမွန်သွားမှာပါ။ အခုက ပူပူနွေးနွေးအချိန်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။အခုကျနော် သတ္တ၀ါအားလုံးကို မေတ္တာပွားနိုင်အောင် ကြိုးစားနေ ပါတယ်။ ကျနော့်အပေါ် ကောင်းခဲ့တဲ့လူတွေရော မကောင်းခဲ့တဲ့လူတွေပါ မေတ္တာ ပွားနိုင်အောင် ကြိုးစားနေမှာပါ။

တစ်ကယ်တော့ လူရယ်လို့ ဖြစ်လာပြီးဆိုကတည်းက ဒုက္ခအတိနဲ့ပါ။ ဒါကိုခံနိုင်လည် ရှိဖို့ လိုအပ်ပါတယ်။ ဒုက္ခကနေ သုခကိုပြောင်းနိုင်ဖို့အတွက် စိတ်တစ်ခုကသာတတ် နိုင်တာပါ။ အဲဒီတော့ ကျနော်တို့ ဘလော့ဂါမောင်နှမများအပါအ၀င် လူသားအားလုံး ကိုယ့်စိတ်ကို ကောင်းမွန်စွာထိန်းနိုင်ပြီး ဘ၀ခရီးကို သာယာဖြောင့်ဖြူးစွာလျှောက် လှမ်းနိုင်ကြပါစေ . . .

2 ယောက်ကဒီလိုမြင်ပါတယ်:

မေပျို said...

စိတ်က မကောင်းဘက်ကို ယိမ်းမှန်းလည်းသိတယ်။ ဒါပေမယ့် အဲဒီ့စိတ်ကို ကောင်းကောင်းကို ထိန်းလို့မရဘူး။ ကိုယ်တစ်ယောက်တည်းလားဆိုပြီး အခြားသူတွေကို ကြည့်လိုက်တော့လည်း ထူးမခြားနား။ လူကြီးတွေတောင် သူတို့စိတ်ရဲ့ပျော်ရွှင်ရာကို ဦးစားပေးကြတာ တွေ့ရပါတယ်။ ဒီတော့ လူငယ်ဖြစ်တဲ့ သဲတို့က ထိန်းနိုင်ဖို့ဆိုတာ တော်တော်ခက်တာပေါ့နော်။ ဒါပေမယ့် ကိုမော်စီရေ အတတ်နိုင်ဆုံးတော့ ထိန်းရမှာပဲ မဟုတ်လား။ နည်းလမ်းလေးရှိရင်လည်း ပေးပါဦးနော်။

လင်း said...

တကယ်အဖိုးတန်တဲ့စာလေးတွေအတွက်ကျေးဇူးပါ

Post a Comment