Thursday, August 28, 2008

mozistar.co.cc

ကျနော့်ရဲ့ ပိုစ့်အသစ်များကို mozistar.co.cc မှာ ဆက်လက်ဖော်ပြသွား မှာဖြစ်ပါတယ်။ ကျနော်ရဲ့ ပိုစ့်အသစ်များကို ဖတ်ရှု့ရန်အတွက် mozistar.co.cc ကိုကြွခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။

Sunday, August 10, 2008

ဖြစ်ချင်မှုနဲ့ မျှော်လင့်ခြင်းများ

ဖြစ်ချင်တာတွေ
မဖြစ်လာတဲ့အခါမှာ
ဝမ်းနည်းတတ်ကြတယ်လား။

ဟုတ်နိုင်ပါတယ်
မျှော်လင့်ခြင်းတိုင်းက
ပြည့်စုံတတ်တာမှ မဟုတ်ပဲလေ။

ဖြစ်ချင်တာတွေ
မဖြစ်လာတာနဲ့
မျှော်လင့်ခြင်းတွေ
မပြည့်စုံတာတွေနဲ့
အမြဲတမ်း ခရီးဆက်နေရတော့။

ဘာကိုမှလည်း
မဖြစ်ချင်တော့သလို
ဘာကိုမှလည်း
မမျှော်လင့်ချင်တော့ပါဘူး။

ဖြစ်ချင်တာတွေ
မျှော်လင့်ခြင်းတွေနဲ့
ဟိုး . . . အဝေးကို

Friday, August 8, 2008

Wordpress တဲ့

တစ်နေ့မှာ ကျနော်မော်စီသည် ဘလော့လည်ရင်း ကိုရာမညဖိုးလပြည့် ဆိုဒ်ကိုရောက်ရှိသွားပါသည်။ အဲဒီမှာ ကိုယ်ပိုင် website (or) wordpress တစ်ခုဖန်တီးခြင်း ဆိုတဲ့ ပိုစ့်တွေကိုဖတ်မိပြီးနောက်ပိုင်း . . . .

ကျနော် wordpress ဆိုဒ်တစ်ခုလုပ်ဖို့ စိတ်ကူးမိသွားပါတယ်။ အဲဒါနဲ့ ကိုရာမညဖိုးလပြည့်မှ တစ်ဆင့် mmwordpress.com၊ ကိုရေခါးကိုမှော်ဆရာ စတဲ့ wordpress ဆိုဒ်တွေကိုသွားပြီး wordpress နဲ့ ပက်သက်တဲ့ပိုစ့်တွေကို မွှေနှောက်ဖတ်၊ သူတို့ရေးထားတဲ့ wordpress ပြုလုပ်နည်း စာအုပ်တွေကို ဒေါင်းလုပ်၊ အဲလိုနဲ့ ကျနော်မော်စီ အလုပ်ရှုပ်နေပါတယ်။ အဲဒီလိုနဲ့ လုပ်ရင်း အဆင်မပြေတဲ့အခါဆို သူတို့တွေရဲ့ စီဗုံးတွေမှာလိုက်အော် (ကူညီပါအုံးဗျို့ ကယ်ပါအုံးဗျို့ ကျနော်ဒီမှာ @*++%$#@! ဖြစ်နေပါတယ်)။

ဒါပေမယ့် ကျနော့်ရဲ့ wordpress ဆိုဒ်ကို အခုထိစိတ်တိုင်းမကျသေးလို့ မသုံးဖြစ်သေးပါဘူး။ ကလိဆဲကာလဖြစ်လို့ ဆက်ကလိရန်ရှိနေပါသေးတယ်။ wordpress ဆိုဒ်ကို စိတ်တိုင်းကျ ခြယ်လှယ်ပြီးတော့မှ အိမ်ပြောင်းခြင်း အထိမ်းအမှတ်ပွဲတို့ အိမ်သစ်တက်ပွဲတို့ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအခါကျမှ ဘလော့ဂါ မောင်နှမများကို လိုက်လံ ဖိတ်ပါတော့မယ်နော်။ အခုတော့ wordpress ကိုဆက်ကလိလိုက်အုံးမယ်။

wordpress ကမ္ဘာမှာ လွှင့်မျေားရင်း . . . . ..

Thursday, July 31, 2008

ကြွေလွှင့်သွားခဲ့တဲ့ ကျနော့်ရဲ့ . . .

မေ့ပျောက်လို့ မရနိုင်သေးတဲ့
အတိတ်တစ်ခုကို
ပြန်ပြောင်းစဉ်းစားရင်းနဲ့
အချိန်တွေ ကုန်လွန်ခဲ့တာ
ကြာရောပေါ့ . . . ။

စိန်ပန်းတွေပွင့်တဲ့ ကျောင်းတော်ကြီးရဲ့
တစ်နေရာမှာ
သူမကိုကျနော် ... စတွေ့ခဲ့တာ
ဒါပေမယ့်
သူမက ကျနော့်ကို တွေ့ခဲ့တာ
ဟိုးအရင်ကတည်းကပေါ့ ... ။

<ကန်သင်း>ဆိုတာ
ကျနော်တို့ကျောင်းသားတွေ
ခဏတာတွေ့ဆုံရာပေါ့
ခဏခဏမျက်လုံးချင်းဆုံမိပေမယ့်
ကျနော့်ရဲ့ညံ့ဖျင်းမှုကြောင့်
မျက်လုံးရဲ့ဘာသာစကားကို
ဘာသာမပြန်တတ်ခဲ့ဘူး . . .။

သူမရဲ့ အပြုံးတွေကို
ကျနော်တစ်ယောက်တည်း
စွဲလမ်းနေမိတယ်
တိတ်တဆိတ်နဲ့ပေါ့
ဒါပေမယ့်
တိတ်တဆိတ်စွဲလမ်းနေတာကို
သူမ ဘယ်လိုလုပ်သိသွားတာပါလိမ့် . . .။

သူမရဲ့အပြုံးလေးကို
ရွှေချသိမ်းထားဖို့ ဆိုတဲ့
ကဗျာလေးနဲ့ တင်စားခဲ့ဖူးတယ်
ကျောင်းကထုတ်တဲ့ ကဗျာတွေထဲမှာ
နာမည်ကြီး ကဗျာတစ်ပုဒ်ပေါ့ lol . . .။

ကျနော့်ရဲ့ အူတူတူ အတတ
အမူအရာတွေက
သူမကို စွဲလမ်းစေခဲ့ကြောင်း
နောက်မှ ကျနော်သိခဲ့ရတယ်
ဘယ်လိုကောင်မလေးပါလဲနော်
အူတူတူ အတတလေးကိုမှ
သဘောကျတယ်တဲ့လေ . . .။

လမင်းကြီးကတော့ ငါးကြိမ်မြောက်
သာယာသွားခဲ့ပြီး ...
ကျနော့်ရဲ့ ပုံမှန်ချီတက်မှုကို
အမြင်မတော်တဲ့ သူတစ်စုက
ကျနော့်ကို
အနောက်ကနေတွန်းလိုက်တာ
စဉ်းစားအုံးမယ်တဲ့
မှတ်တ်ရရ အဲဒီနေ့က သောကြာနေ့လေ . . .။

ကျနော့်အတွက်တော့
ပုံမှန် ရွေ့လျားနေတဲ့ နေမင်းကြီးကို
နှေးကွေးတယ်လို့ ထင်နေမိတယ်
သောကြာနေ့ လေးကြိမ်မြောက်မှာတော့
ကျနော့်ရဲ့ ကမ္ဘာမှာပန်းတွေ
ရောင်စုံပွင့်လို့ပေါ့ . . .။

သူမက ဆံပင်အရှည်စထားလာတယ်
ကျောင်းလာတိုင်း သနပ်ခါးလိမ်းလာတတ်တယ်
ပြောင်းလဲလာတယ်ပေါ့ (ဘာဖြစ်လို့လဲ)
ကျနော်က အဲဒါတွေကို
သဘောကျလို့တဲ့လေ . . .။

အင်း . . . လိုချင်တာကို
ရတဲ့အခါမှာ အတိုင်းမသိ
ပျော်ရွှင်တတ်တာ သဘာဝပဲမလား
ကျနော့်ရဲ့ ပျော်ရွှင်မှုကတော့
အတိုင်းထက်အလွန်ပေါ့လေ . . .။

အဲလိုနဲ့ ကမ္ဘာကနေမင်းကြီးကို
ပတ်တာ တစ်ပတ်ပြည့်သွားလို့
ကျနော်အပါအ၀င်ပေါ့
ပျော်ရွှင်နေကြတယ်လေ
ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ဖို့
နီးလာတဲ့အကြောင်း
အဲဒီတုန်းက ကျနော်မသိခဲ့ဘူး . . .။

တစ်လတစ်ခါ မုန့်ဖိုးယူတတ်တဲ့
ကျနော့်ရဲ့ ခြောက်ကြိမ်မြောက်
မုန့်ဖိုးယူတဲ့အချိန်မှာ
သူမက ကျောင်းမတက်တော့ဘူး
နေမကောင်းလို့တဲ့ . . .။

ပျော်ရွှင်မှုတွေက အဝေးကို
ထွက်သွားကြပြီး
သူမကတော့ အိပ်ယာပေါ်မှာ
လဲလျောင်းလျှက်ပေါ့
ဘယ်အချိန်ထိ လဲလျောင်းနေအုံးမှာလဲ
ကောင်မလေးရေ . . .။

ကျနော့်ရဲ့နှလုံးသွေးဟာ
သူမရဲ့ ဝေဒနာအတွက်
ဆေးတစ်ခွက်ဆိုရင်
ကျနော် ပေးလိုက်ချင်ပါတယ်
သူမကို ဝေဒနာတွေနဲ့
နှစ်ပါးမသွားစေချင်တော့ဘူး . . .။

သေချာပါတယ် . . .
ဝေဒနာဆိုးကြီးက
သူမကို ကောင်းင်းနှိပ်စက်တဲ့
နိဂုံးချုပ်မှာတော့
ကျနော် အပါအ၀င်
သူမနဲ့ ပက်သက်တဲ့ လူအားလုံးကို
အပြီးတိုင် နှုတ်ဆက်ကျောခိုင်းသွားခဲ့တယ် . . .။

တမလွန် ဘ၀မှာ
ပျော်ရွှင်ပါစေ ချစ်ဦးသူရေ . . .။

Wednesday, July 30, 2008

Cell Phone(Mobile) နဲ့ ဘယ်ဘက်နား

နည်းပညာမှ အံ့မခမ်းတိုးတက်နေတဲ့ခေတ်ကြီးမှာ နည်းပညာသုံး လူသုံးကုန်ပစ္စည်းတွေကိုလည်း အများအပြားသုံးစွဲနေကြပါတယ်။ ပစ္စည်းတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးတွေရှိနေပါတယ်။ ကျနော် ဒီနေရာမှာ Cell Phone(Moblie) နဲ့ပက်သက်ပြီး ပြောချင်ပါတယ်။

Cell Phone(Moblie)ကို အသုံးပြုပြီးစကားတဲ့အခါမှာဆိုရင် ဘယ်ဘက်နားကို အသုံးပြုကြပါ။ ညာဘက်နားကို အသုံးပြုရင် ဦးနှောက်ကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ အောက်ပါပုံကို လေ့လာကြည့်ကြပါ . . .



From >> http://gurlzgroup.blogspot.com/2007/03/ear-and-cell-phone.html
Source >> Apollo Medical Team

Tuesday, July 29, 2008

Virus ကာကွယ်နည်းသစ်

ကျနော်၏ စာမေးပွဲသည် ယမန်နေ့တွင်ပြီးဆုံးသွားပါသည်။ ထို့ကြောင့် ကျနော်သည် ပိုစ့်တင်ခြင်းနှင့် အိမ်(ဘလော့) လည်ခြင်းများကို ပြုလုပ်နိုင်တော့မှာဖြစ်ပါသည်။

ကျနော် Virus ကာကွယ်နည်းလေးတွေ့ထားလို့ မျှဝေချင်လို့ပါ။ နည်းကတော့ နည်းည်းထူးဆန်းတယ်။ ဘာ ဆော့ဝဲလ်မှလည်း မလိုဘူး၊ ခက်က်ခဲခဲလည်း ဘာမှကိုလုပ်စရာမလိုပါဘူး။

အောက်မှာဖော်ပြထားတဲ့ လင့်လေးကပုံပါအတိုင်းပြုလုပ်ကြည့်လိုက်ပါ။ ကျနော်ကတော့ မလုပ်ကြည့်ရသေးဘူး
အဆင်ပြေလား မပြေဘူးလားဆိုတာတော့ ကျနော်အတိအကျမပြောနိုင်သေးဘူးပေါ့။ အဲ ဘလော့ဂါမောင်နှမတို့ လုပ်ကြည့်လို့ အဆင်ပြေရင် ကျနော့်ကိုလည်း ပြန်ပြောပြကြပါအုံးနော် ကျေးဇူးမမေ့ပါဘူး . . . ။

http://ongrot.googlepages.com/3.jpg

အဆင်ပြေကြပါစေ ဟဲ ဟဲ . . .

Friday, July 18, 2008

လုပ်ကြပါအုံးဗျို့

ကျနော်အခုတလော အရမ်းကိုအလုပ်ရှုပ်နေပါတယ်။ လာမယ့် တနလာင်္နေ့မှာ ကျနော်စာမေးပွဲလည်းရှိပါတယ်။ အခုကျနော်နောက်ဆုံးတင်ထားတဲ့ Uni Mon နှင့် Zawgyi-One ပိုစ့်ကိုလည်း ကျနော်ရေးထားတာကြာပါပြီး မအားသေးလို့ မတင်ဖြစ်သေးပဲ ဇူလိုင် ၁၆ ရက်နေ့ကမှ အချိန်လုပြီး ကျနော်တင်လိုက်တာပါ။

အခုတလော ကျနော်နာမည်နဲ့ ယုန်ကလေး စီပုံးမှာ တစ်ယောက်က်က သွားအော်နေပါတယ်။ ဘယ်သူလဲဆိုတာ ကျနော်လည်းမသိဘူး။
ကျနော်နောက်ဆုံး ယုန်ကလေးစီပုံးမှာ သွားအော်ထားတာပါ
13 Jul 08, 04:53
မော်စီ: ယုန်ကလေးရေ နေကောင်းလားဗျ နဲနဲရှုပ်နေလို့ အခုမှ လာလည်နိုင်တော့တယ် ဒါနဲ့ ကျနော့်ရဲ့မွန်ကဗျာလေးကို လာဖတ်ပါအုံးနော်

ကျနော့်ရဲ့ မွန်ကဗျာ နဲ့ ပက်သက်တဲ့ ပိုစ့်ကို လာရောက်ဖတ်ဖို့ သွားဖိတ်တာပါ။ ဒီလိုမျိုး ဘလော့တော်တော်များများကို ကျနော် သွားဖိတ်ထားပါတယ်။ ကျနော်ပိုစ့်ကို ကော့မန်းတွေလည်း အများကြီးပေးသွားကြပါတယ်။

အဲဒီနောက်ပိုင်း ကျနော်ယုန်ကလေးဘလော့ကို မရောက်ဖြစ်ပါဘူး။ ဒီမနက်မှ ကျနော် စီပုံးမှာ ယုန်ကလေး လာအော်တာ
ယုန်ကလေး: မော်စီရေ လာလည်သွားပါတယ်နော် ရင်ခုန်မဲ့စကားတော့မပြောတတ်ဘူးလေ

တွေ့တော့ တစ်ခုခုတော့မှားနေကြောင်း ကျနော်ရိပ်မိပါတယ်။ အဲဒါနဲ့ယုန်လေးဘလော့ကိုသွားကြည့်လိုက်တော့

မော်စီ: လာလည်ပါတယ် ယုန်းလေးရေ ရင်ခုန်မဲ့ စကားတွေ မပြောတော့ဘူးလား


ဒီလိုအော်ထားတာတွေ့ရပါတယ်။ ကျနော်မဟုတ်ပါဘူးခင်ဗျာ။ ယုန်ကလေးရဲ့ စီပုံးက older mesages ကို ကျနော်ဖတ်ကြည့်တော့ ဒီလိုအော်ထားတာကို ထပ်တွေ့ရပါတယ်

မော်စီ: မော်စိဟာ မွန်လေးတယောက်ဖြစ်ပေမဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်
မော်စီ: မွန်လေးလည်းရင်ခုန်တတ်ပါတယ်
မော်စီ: အိပ်မက်တော့မလုပ်ပါနဲ့ ယုန်းကလေးရေ

အဓိက ကျနော်မဟုတ်ကြောင်းကို ယုန်ကလေးကိုသိစေချင်ပါတယ်ခင်ဗျာ။ IP address ကိုလည်း စစ်ကြည့်စေချင်ပါတယ်။ ကျနော့် IP address ကိုဖော်ပြပေးလိုက်ပါတယ် ( 125.26.48.10)

အခုတလော ကျနော်ဘလော့လည်နိုင်မည် မဟုတ်ပါ။ ကျနော့်နာမည်နဲ့ မဟုတ်တာလာအော်ခဲ့ရင်တော့ ကျနော်မဟုတ်ကြောင်း အသိပေးပါရစေခင်ဗျာ။

ဘလော့ဂါမောင်နှမများကို အစဉ်လေးစားလျက် . . .