Tuesday, December 11, 2007

အလိမ်ခံရခြင်း

တစ်ကယ်ဗျာ လောကကြီးမှာရှိတဲ့ လူတွေရဲ့စိတ်က တယ်လည်းခန့်မှန်းရခက်တယ်နော်။ ကျနော်လူ တွေ လို့ သုံးလိုက်တာဟာ လူတွေအားလုံးကို မဆိုလိုပါဘူး။ လောကမှာ ကောင်းတဲ့လူလည်းအများကြီး ရှိနေပါတယ်။ ကျနော်က မကောင်းတဲ့လူနဲ့ တွေ့ဆုံခဲ့ရတာပါ။ ကျနော်က ကျနော့်အပေါ်ကောင်းမယ်လို့ ယုံကြည်ထားတဲ့လူတွေက ကျနော်ကို အရူးလုပ်သွား ကြတယ်။ ကျနော် အရူးအလုပ်ခံလိုက်ရတယ်။ အစကတော့ ကျနော် သဘောရိုးနဲ့ ကျနော်ကို စွန့်ခွါသွားတယ် ထင်တာပါ။ သစ္စာဖောက်သွားတာအခုမှ ကျနော်သိ လိုက်ရတယ်။ ဘယ်ထင်မလဲဗျာ ကျနော်အပေါ်ကောင်းခဲ့တာတွေရှိတာကိုး။ ကျနော်လည်း ယုံကြည်မိတာပေါ့။

ကျနော် အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့် ကျနော် ဘာအကျိုးခံစားခွင့်မှ မရရှိလိုက်ရဘူး။ ပေးဆပ်တုန်း ကလည်း ဘာအကျိုးကိုမှ မမျှော်ကိုးခဲ့ပါဘူး။ ကျနော့်ဘ၀မှာ ဒီလိုမျိုးကြုံတွေ့ခဲ့ဖူးတော့အတွေ့အကြုံလည်းရ ဘ၀သင်ခန်းစာလည်း ရခဲ့ပါတယ်။ နောင်ဆို ဆင်ခြင်ရတာပေါ့။ ဘယ်သူ့ကိုမှလည်း လွယ်လွယ်နဲ့ ယုံကြည်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ကျနော်ပြုလုပ်လိုက်တဲ့ ကောင်းကျိုးတွေအတွက် တစ်နေ့မှာ ကျနော်ပြန်ခံစားရမှာပါ ဒါမှမဟုတ် ကျနော်ရဲ့ အရင်အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ ဤမျှနဲ့ ပြေပျောက်သွားမှာပါ။ နောင်ဒီလို အဖြစ်မျိုးဘယ်တော့မှ မကြုံပါရစေနဲ့လို့ ကျနော်ဆုတောင်းပါတယ်။ ကျနော် အောက်မှာ ရေးခဲ့တဲ့ မျှော်လင့်ချက်လေးတွေကိုလည်း မမျှော်လင့်တော့ပါဘူး။

ကျနော် စိတ်မညစ်တော့ပါဘူး။ ဘာပဲပြောပြော ကျနော်ကံကောင်းသွားတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်က ဘယ်သူကိုမဆို စေတနာနဲ့ကူညီတတ်တဲ့ စိတ်ထားတွေကြောင့် ဓမ္မာဒေ၀ နတ်ကောင်း နတ်မြတ် တွေက ဆောင်မလို့ထင်ပါရဲ့ ကျနော်ဒီလို လိမ်လည်လှည့်ဖျားပြီး သစ္စာမရှိတဲ့ လူတွေနဲ့ တစ်သက်လုံး လက်မတွဲမိတာပါ။ ကျနော်အရင်တိုင်းပဲ ပျော်ပျော်နေဖို့ ဆုံးဖြတ်ထားပါတယ်။ဘလော့ဂါမောင်နှမတွေ ပေးပို့တဲ့မေတ္တာတွေကြောင့် အခု ကျနော်ဘ၀ ပုံမှန်ချီတက်လျက်ပါ . . .

(မှတ်ချက်။ ။ ကျနော်မောပန်းခြင်း ဆိုတဲ့ပိုစ့်ကို ဖျက်သိမ်းလိုက်ပါတယ် ဘာဖြစ်လို့လည်းဆိုရင် လုံးဝသက် ဆိုင်မှုမရှိတော့လို့ပါ။ ကျနော်ကို စိတ်ဓါတ်မကျအောင် အားပေးကြတဲ့ ဘလော့ဂါမောင်နှမတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော် အရင်ကလို ပျော်ပျော်နေတတ်တဲ့ မော်စီပြန်ဖြစ်သွားပါပြီး။ )

3 ယောက်ကဒီလိုမြင်ပါတယ်:

Chaos said...

ကိုမော်စီရေ
ဝမ်းသာတယ်နော်
အရင်လိုပဲ ပျော်ပျော်နေတဲ့ မော်စီကို ပြန်မြင်ခွင့်ရတာ

su wai said...

အရင်လို ပြန်ဖြစ်သွားပြီဆိုလို့ ၀မ်းသာပါတယ် ကိုမော်စီရေ...ပျော်ပျော်နေတာ ကောင်းပါတယ်...ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့ လက်တွဲပြုတ်သွားတာလဲ ကံကောင်းခြင်းတစ်မျိုးပါပဲ... ရှေ့ဆက်မယ့် ဘ၀လမ်းမှာ ယုံကြည်ရတဲ့သူတွေနဲ့ ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်...။

ထွန်း said...

ကောင်းပါတယ်။ ၀မ်းသာပါတယ်။

Post a Comment