Tuesday, February 19, 2008

မ်ာမွဲစွေက် တၝဲကောန်ဂကူမန် မရနုက်ကုဪ (၆၁)၀ါ

မွန်အမျိုးသားနေ့

ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ မှာ ကျရောက်မည့် မွန်အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤပို့စ်ကိုတင်ရခြင်း ဖြစ်ပါသည်။

သာသနာသက္ကရာဇ် ၁၀၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ပြဿဒါးနေ့) မှာ သာမလရာဇာ၊ ၀ိမလရာဇာ မွန်ဘုရင်ညီအစ်ကိုနှစ်ပါးက ဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်သည့်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

မွန်အမျိုးသားနေ့ကို ၁၃၀၈ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှစတင် ပြုလုပ်ခဲ့ပြီး ယခု ၁၃၆၉ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဆိုရင် ၆၁ ကြိမ်မြောက်ခဲ့ပါပြီး။ ၆၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပါသည်။

မွန်အဆိုတော် ပါမောက္ခဆာန်(ပါမောက္ခချမ်း)က မွန်အမျိုးသားနေ့ကို ဂုဏ်ပြု
သီဆိုထားတဲ့သီချင်းတစ်ပိုဒ်ပါ။ လိုချင်သောဆန္ဒရှိပါက ဒီနေရာ မှရယူနိုင်ပါတယ်။




0 ယောက်ကဒီလိုမြင်ပါတယ်:

Post a Comment