Tuesday, February 26, 2008

သတိရတိုင်းမလွမ်းချင်တော့ပါ

ပေးဆပ်ခဲ့ဖူးတဲ့မေတ္တာတွေ
ယုယခဲ့ဖူးတဲ့အကြင်နာတွေ
စောင့်တည်ခဲ့တဲ့သစ္စာတွေ
ဒါတွေအားလုံး
မင်းကဥပက္ခာပြုတော့
ငါပိုင်တဲ့ဤအရာတွေဟာ
မင်းနဲ့မတန်လို့သတ်မှတ်ရမှာပေါ့ . . .။

လျှောက်ခဲ့ဖူးတဲ့လမ်းလေး
နားခိုခဲ့ဖူးတဲ့အရိပ်ကလေး
ရှုရှိုက်ခဲ့ဖူးတဲ့လေပြေလေး
အားလုံးကအရင်တိုင်းပါပဲ
ပြောင်းလဲသွားတဲ့အရာတွေကို
သတိရနေပေမယ့် သတိရတိုင်း
မလွမ်းချင်တော့ပါ . . .။

2 ယောက်ကဒီလိုမြင်ပါတယ်:

ထွန်း said...

ဟုတ်တယ် လွမ်းရတာ အချိန်ပေးရတယ်။ အားအောင် လုပ်ပြီးမှ ဆက်လွမ်းလိုက်

Google Myanmar Services said...

ဖြစ်မှဖြစ်ရလေ မော်စီရယ်။ အစ်ကိုလည်း သတိပဲရတော့မယ်။ မလွမ်းရင် ကောင်းမလားပဲ။ ဒါမှ သက်သာမယ်။ ဖုန်းခ ကိုပြောတာ။ တစ်နေ့ 2-3 နာရီလောက်ပြောနေရတာ ကြာလာတော့လည်း မလွမ်းခြင်တော့ဘူး။ မော်စီပြောသလိုပဲ သတိပဲရတော့မယ်။ နက်ဖြန် စမ်းကြည့်မယ်။ ဘယ်တော့မှ မလွမ်းတော့ဘူး။

Post a Comment