Thursday, April 24, 2008

ငါ့ဘက်ကတော့ . . .

ဒီမှာ မိန်းကလေး . . .
ရက်စက်မှုတွေကို
သူငယ်ချင်းတစ်ယောက်လို
ပေါင်းသင်းတဲ့ မင်းလေးကို
ငါ့ဘက်ကတော့ နိုးပဲ။

ဒီမှာ မိန်းကလေး . . .
မင်းခွဲသွားတဲ့ ငါ့နှလုံးသားနှင့်
မကျက်သေးတဲ့ ဒဏ်ရာတွေနဲ့
အသက်ဆက်ရှင်ရတာကတော့
စိတ်မကောင်းဘူး။

ဒီမှာ မိန်းကလေး . . .
လုပ်ချင်တာလုပ်ခဲ့ပြီးမှ
လွမ်းပါတယ်လို့ မုသားတွေနဲ့
မင်းရဲ့ ပရိယာယ်တွေအတွက်
ငါ့ဘက်ကတော့ နိုးပဲ။

ဒီမှာ မိန်းကလေး . . .
မင်းလေးအတွက်
ငါ့ဘက်ကတော့ နိုးပဲ။ evil

ခက်ဆစ်
နိုး= ငြင်းဆိုခြင်း။
လက်မခံနိုင်ခြင်း။
အရင်လိုလုံးဝပြန်မကောင်းနိုင်ခြင်း။

10 ယောက်ကဒီလိုမြင်ပါတယ်:

မြန်မာပြည်ကိုလွမ်းတယ် said...

နိုးကိုတော့ လုံးဝကြိုက်တယ်ဗျိုး။လုံးဝ..လုံးဝ
နိုးပဲ။ဒီမှာမိန်ကလေး..ငါ့ဘက်ကတော့နိုးပဲ..။
အဲလေ..မှားလို့..ကိုမော်စီရေ..နိုးဗျိုး။

Anonymous said...

`´ငါ့ဘက်ကတော့ နိုးပဲ`´
ကြိုက်သွားပြီးဗျာ.... :)

Anonymous said...

ဘူးဆိုဖရုံမသီးတဲ့ ဥက္ကဌကြီး မော်.....
စိတ်ကြီးလိုက်တာနော်.......

Tea said...

NO
NO NO
NO NO NO
NO NO NO NO
NO NO NO NO NO

ငါ့ဘက်ကတော့ နိုးဘဲ.. လန်းတယ်ဗျာ

Anonymous said...

ငါ နဲ့ နင်
နင် နဲ့ ငါ
ဘာဖြစ်ဖြစ်ကွာ။
ဒီမှာ...
ငါ့ဘက်ကတော့ NO ပဲ...။

နေလင်း said...

ကိုမော်စီတို့ကတော့ အချစ်ကြီးသလို အမြတ်ကြီးတယ်နော်...ပြတ်သားရည်သောက်ပြီး ဒီလောက်ပြတ်သားနေတာလားဗျာ..သနားပါတယ်..တကယ်ပဲ
ပြတ်တယ်ပေါ့..

Anonymous said...

" NO " ဘာလိုသေးလဲ
ဟဲဟဲ ...... သီချင်းလေးပါ....
ဟုတ်တယ်... အဲလိုမိန်းကလေးကို နိုးပဲနော်..
နိုး နိုး

Pinkgold said...

မော်စီ တို့ကတော့ နိုးကို တော်တော် ကြိုက်တယ် ထင်တယ်....
ကောင်းတယ် နိုး ဆို နိုးပဲ... နိုးလွတ်းရင် ဆွစြိ ခံရမယ်နော် သတိထား

BLANK PAPER said...

မထောက်ခံခိုင်းနဲ့ နိုးပဲ..

Chan Mya Soe said...

ကဗျာဖတ်ပြီးချိန်မှာ ပါးစပ်ကရေ၇ွတ်မိတယ်

"အို့ NO (နိုး) အသည်းကွဲတာပဲကောင်း"

အဲလက်စ်ရဲ့ သီချင်းထဲကပါ :P

Post a Comment