Saturday, April 12, 2008

သင်္ကြန်အကျနေ့

ကို 99 ဆီကမလာတာ

ဒီနေ့ တန်ခူးလဆန်း ၈ ရက် သင်္ကြန်အကျနေ့ဖြစ်ပါတယ်။ ရေကစားပွဲကြီးကို ခမ်းမ်းနားနား စတင်ကစားနေကြပါပြီး။ မဏ္ဍပ်ကိုယ်စီနဲ့ ရေပက်တဲ့သူနဲ့ ရေပက်ခံထွက်တဲ့သူတွေ အပေးအယူမျှနေကြရောပေါ့ဗျာ။ သင်္ကြန်အကျနေ့ဆိုရင် ကျနော်တို့နယ်မှာဆို ကျိုက်မရောမြို့မှာ စည်တယ်ဗျို့။ နယ်မှာရှိတဲ့ ရေပက်ခံထွက်တဲ့သူတွေအကုန်လုံး ဒီနေ့ဆို ကျိုက်မရောမြို့ကိုချီတက်ကြပါတယ်။

၁၀ နာရီ ၁၁ နာရီ လောက်ဆို ကျိုက်မရောမြို့မှာ ဘာပြောကောင်းမလဲဗျာ။ မဏ္ဍပ်တွေကလည်းများတယ်ဗျို့။ ရေပက်နေတဲ့ ကျိုက်မရောသူတွေကလည်း ချောတယ်ဗျို့။ ဘာဆေးတွေစားပြီး ချောလှနေကြတာလဲတော့မသိဘူး။ တစ်ကယ်ပါ ကျနော်ကြွားတာမဟုတ်ဘူး။ မယုံရင် မွန်ပြည်နယ် သင်္ကြန်လာလည်ကြည့်ပေါ့ဗျာ။

အဲ တစ်ချို့မဏ္ဍပ်တွေမှာဆို မုန့်လုံးရေပေါ်တွေကျွေးတယ်ဗျ။ မုန့်တွေကို အိတ်ကလေးနဲ့ထည့်ပြီး ရေပက်ခံထွက်တဲ့သူတွေကို ကျွေးတယ်လေ။ ဗိုက်ဆာနေတာလားတော့မသိဘူး စားလို့တော်တော်ကောင်းတယ်နော်။ တစ်ခါတစ်လေလည်း ငရုတ်သီးလေး ၀ါးမိတာပေါ့ဗျာ။

ကျိုက်မရောမြို့ကနေ ထွက်ရင် မော်လမြိုင်မြို့ကို ပတ်ကြတယ်ဗျ။ ဒီနေ့က မော်လမြိုင်မှာ ကျိုက်မရောလောက်မစည်ဘူးလေ။ ဒီနေ့က ကျိုက်မရောနေ့ ဆိုတော့ ကျိုက်မရောမြို့မှာ အစည်ဆုံးပဲ။ ပြီးရင်တော့ ကိုယ့်မြို့ကို ကိုယ်ပြန်ကြတာပေါ့။ ညနေစောင်းရင်တော့ မြို့တိုင်းမှာ စည်ပြန်ရောဗျ။ ရေပက်ခံထွက်တဲ့သူတွေ ပြန်လာရင် မြို့ပတ်ကြတယ်လေ။

အဲ သတိရတယ်ဗျာ ဘယ်လိုလုပ်ရမလဲ ပြန်ချင်လိုက်တာ။ နေရထိုင်ရတာ သိပ်အဆင်မပြေဘူး။ သင်္ကြန်တွင်းလေးတောင် မြန်န်ကျော်စေချင်ပြီးဗျာ။ အင်း . . . မနက်ဖြန်ဆို အကြတ်နေ့ ကျနော်တို့မြို့ရဲ့ နေ့ပဲလေ။ ကျနော်များ မနက်ဖြန် ကျနော်တို့ မြို့မှာ ရှိနေရင် . . .

5 ယောက်ကဒီလိုမြင်ပါတယ်:

99 said...

ဘရိုရေ ..
ကျိုက်မရောမြို့ရဲ့ သင်္ကြန်ကာလလေးကို ဘရို့စာသားတွေက တဆင့် လည်ပတ်သွားတယ်ဗျာ။
ပြန်ချင်သူတွေလည်း ပြန်နိုင်ပါစေ ..
လည်ချင်သူတွေလည်း လည်နိုင်ပါစေ ..
ပျော်ရွှင်ချင်သူတွေလည်း အပျော်စစ်စစ် ပိုင်ဆိုင်နိုင်ကြပါစေဗျာ ..
လောလောဆယ်တော့ မပြန်နိုင်သေးသူ ကျနော်တို့က လွမ်းရုံ မှန်းရုံ တမ်းတရုံပေါ့ ဘရိုရာ ..

မြန်မာပြည်ကိုလွမ်းတယ် said...

ကျိုက်မရောသူတွေချောတာတော့ယုံတယ်
ဗျိုး။မွန်ပြည်နယ်ကိုရောက်တုံးကမွန်မလေး
တွေတော်တော်ချောတာတွေ.ဖူးပါရဲ့။မွန်ကလေး
တွေတော့မချောဘူးထင်ပါရဲ့။ပြောသံမကြား
ဖူးပါဘူး။မြန်မာပြည်မှာရှိနေရင်တော့ကျိုက်
မရောသင်္ကြန်ကိုလာကြည့်ချင်မိသေးပါရဲ့။
ရေးတဲ့သူကအရေးကောင်းလေတော့ လာလည်
ချင်သွားတယ်။မုန်.လုံးရေပေါ်လဲလာစားမယ်လေ။

မေမိုးမခ said...

ပုံတွေကို သူများဆီကော်ပီတယ် ကောက်ပီ ပေ့စ် ဘ၀သမားရယ် တော့်တို့မြို့ရဲ့ သင်္ကြန်အကျနေ့ အကြောင်းကို ဖတ်သွားပါတယ် တော့် တို့မြို့ကို နောက်နှစ်ကျရင် လာခဲ့မယ်နော် အဲလောက်ပျော်စရာကောင်းရင်

ပန်းခရေ said...

သူငယ်ချင်းတို့
မွန်သင်္ကြန်ကိုလည်ဖူးတယ်
သင်္ကြန်ထမင်းလည်းစားဖူးတယ်
မုဒုံ..သထုံ..သင်္ကြန်တစ်တွင်းလုံးပဲ
အဲဒီမှာလေ
ကျိုက်ထီးရိုးကို ၂၀၀၅သင်္ကြန်မှာ သွားတာလေ
သင်္ကြန်ထမင်းကိုသတိရသား
မွန်သင်္ကြန်ကိုနောက်တစ်ကြိမ်ကြုံချင်ပါသေးတယ်
အလည်ခေါ်မှားလားဂျ

လင်း said...

ငါးခြောက်ထာင်းကျော်လေးရယ်။ သရက်သီးသုပ်ရယ်။ စံပယ်နံသင်းတဲ့ သင်းရေအေးအေးလယ်ရယ်နဲ့ သင်္ကြန်ထမင်းကျွေးပါလားဟင်? ဒါမှ မွန်သင်္ကြန်ပီသမှာ
နော်။ အားးးးးပြောရင်းနဲ့ စားချင်လာပြီ

Post a Comment