Monday, April 7, 2008

နောက်ဆုံးတော့ . . .

ရင်ခုန်သံအပိုင်းစများစွာနဲ့
ဟိုးအဝေးကြီးကို
နယ်ချဲ့မိတဲ့ ကျနော်

စိတ်ကူး လက်နက်
အတွေး ပေါင်းခြံရံလို့
ပိုင်နက်နဲ့ အဝေးကြီးကို
သိမ်းပိုက်လိုက်မိတယ်

သိမ်းပိုက်ထားမိတဲ့
နယ်တွေ ပုန်ကန်တော့
စိတ်ကူး လက်နက်တွေ
ပျက်စီး
အတွေးအပေါင်းတွေ
သေကြေ
အော် . . .
နောက်ဆုံးတော့
ကျနော်တစ်ယောက်တည်းရယ် . . .

3 ယောက်ကဒီလိုမြင်ပါတယ်:

ပန်းခရေ said...

ရင်ခုန်သံအပိုင်းစများစွာနဲ့
ဟိုးအဝေးကြီးကို
နယ်ချဲ့မိတဲ့ ကျနော်

စိတ်ကူး လက်နက်
အတွေး ပေါင်းခြံရံလို့
ပိုင်နက်နဲ့ အဝေးကြီးကို
သိမ်းပိုက်လိုက်မိတယ်

သိမ်းပိုက်ထားမိတဲ့
နယ်တွေ ပုန်ကန်တော့
စိတ်ကူး လက်နက်တွေ
ပျက်စီး
အတွေးအပေါင်းတွေ
သေကြေ
အော် . . .
နောက်ဆုံးတော့
ကျနော်တစ်ယောက်တည်းရယ် . . .

NIce poem...
I like this Poem.
Me too.
Now, i am alone.

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုမော်စီရေ .တစ်ယောက်ထဲနေရတဲ့
ခံစားချက်ကို ကိုယ်ချင်းစာပါတယ်။အထူး
သဖြင့်ချစ်ခင်သူတစ်ယောက်ယောက်၊မိတ်
ဆွေတစ်ယောက်ယောက်များသေဆုံးသွား
ခဲ့ရင်ဖြင့် တကယ့်ကိုနင့်နင့်နဲနဲစိတ်မကောင်း
ဖြစ်ရပါတယ်။တစ်ယောက်တည်းပါ။ဒါပေမဲ့
အထီးကျန်တဲ့ခံစားမှုမှလွတ်မြောက်ပါစေလို.
ဆုတောင်းပေးခဲ့မယ်နော်။

ရွှေပြည်သူ (ShwePyiThu) said...

အထီးကျန်မှုနဲ့အတူ ငြိမ်းချမ်းမှုလဲ အမြဲယှဉ်တွဲ ကပ်ပါလာတာပါပဲ။ မောင်လေး မော်စီ ငြိမ်းချမ်းချမ်းမြေ့ပါစေ...

Post a Comment