Thursday, November 29, 2007

ပြန်ရောက်ကြောင်း

ကျနော်မနေ့ညက ၇း၁၀ လောက်မှာအိမ်ကိုရောက်ပါတယ်။ ရောက်ရောက်ခြင်း ပြန်ရောက်ကြောင်း သတင်းပို့ ချင်ပေမယ့် ကားကိုတစ်နေ့လုံးစီးလာတော့ ခန္ဓာကိုယ်က ဘယ်လိုမှမတတ်နိုင်တော့လို့ပါ။ ခရီးပန်းလာ တယ်ထင်ပါ့ နေလို့သိပ်မကောင်းသလိုပဲ။ ကျနော်နည်းပညာ သင်တန်းလေး သွားတက်တာပါ။ ဘာတွေရခဲ့လည်းဆိုတော့ ကျနော်ပြန်စဉ်းစားရအုံးမယ် ပြီးတော့ အဲဒီပညာတွေကို အသုံးချနိုင်ဖို့ တော်တော်လေး အချိန်ယူပြီး လေ့လာရအုံးမှာပါ။ ကျနော်ရခဲ့တဲ့ပညာတွေကို အလျင်းသင့်သလို တင်ပြ သွားပါမယ်။ အဓိကကတော့ ကျနော်ပြန်ရောက်ကြောင်းသတင်းပို့တာ ပြီးတော့ မုန့်ကျွေးချင်တာရယ်ပါ။ မုန့်စား သွားကြနော်။




အမှန်မှာမုန့်က လေးမျိုးလောက်ဝယ်လာတာ ကျနော်တို့အိမ်က မြင်မခင် ချမခင် အဖွဲ့ဝင်တွေလေ ဒါလေးပဲ စားပြီး ကျေနပ်ကြပါနော် နောက်တော့မှ . . .



4 ယောက်ကဒီလိုမြင်ပါတယ်:

မေပျို said...

မုန့်တွေ လာစားတာပါ။ ခရီးလမ်းမှာ ဖြောင့်ဖြူးပါရဲ့လား။ အဆင်ပြေပါစေ ကိုမော်စီ။

ထွန်း said...

မင်းကလဲကွာ ဘာမုန့် ဆိုတာပြောမှပေါ့။ ကြည့်ရတာ ငှက်ပျောသီးကို အခွေလုပ်အကြွပ်ကြော်ထားတာနဲ့  ခေါက်ဆွဲကို အကြွပ်ကြော်တာလား။ ဟေ့ ရှင်းပြအုန်း

နှင်းသဇင် said...

မုန့်တွေကဘာမုန့်တွေ လည်းမသိဘူး ဒါပေမယ့် ကောင်းမယ့်ပုံမို့ စားသွားတယ်နော် :)

Chaos said...

ကိုမော်စီရေ
ကျွန်မအတွက် ကျန်သေးပါတယ်နော့
ဟိဟိ

Post a Comment