Sunday, November 4, 2007

ရွှေဟသာင်္ကိုပျံစေချင်ပြီး ရာမညမြေဆီ


ဟိုးရှေးနှစ်ပေါင်းများစွာကတာည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှု တွေနေလာကြတာ သမိုင်းက သက်သေတည်ပါတယ်။ ရွှေဟသာင်္ဆိုတာ ကျနော်တို့ မွန်လူမျိုးတွေရဲ့ အထိမ်းအမှတ် အမှတ် အသား တစ်ခုပါ။ ရွှေဟသာင်္ကိုမြင်တာနဲ့ မွန်လူမျိုးကို အထူးပြုထားမှန်း သိသာပါတယ်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြပါတယ်။

ဟံသာဝတီ မွန်နိုင်ငံတော်ကြီး ကျဆုံးပြီးကတည်းက ကျနော်တို့ မွန်လူမျိုးတွေထီးမဲ့ နန်းမဲ့ ဖြစ်ခဲ့ကြတာ အခုချိန်ထိပေါ့။ ကိုယ့်ပစ္စည်းကို ကိုယ်ပြန်လိုချင်တာ သဘာဝကျပါတယ်။ သူများပိုင်ပစ္စည်းကို အတင်းလုယူတာမှ မဟုတ်တာ။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကိုပဲ ကိုယ်သုံးချင်တာ နည်းလမ်းကျပါတယ်။ ကိုယ့်
စကား၊ စာပေ၊ ယဉ်ကျေးမှု စတဲ့ အရာတွေကိုပဲ အသုံးပြုချင်တာပါ။ ဒါပေမယ့်ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကို သုံးခွင့်မရတာ ဘာကြောင့်လဲ။ ကျနော်တို့မှာကိုယ်ပိုင် စကား၊ စာပေ၊ ယဉ်ကျေးမှု စတဲ့အရာတွေ ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ အသုံးပြုခွင့် မရတာလဲ။ တွေးကြည့်ရင် ရင်နာစရာတွေပါ။

ရာမညမြေမှာ ရွှေဟသာင်္တွေ နားမှာပေါ့ ဘာဖြစ်လို့ ဆွမ်းအုပ်က နေရာဝင်ယူရတာလဲ ကိုယ့်မြေမှာ ကိုယ့်စာပေ၊ ယဉ်ကျေးမှု အသင်းအဖွဲ့တွေရှိမှာပေါ့ ဘာဖြစ်လို့ ပိတ်ပင်တာလဲ တားဆီးရလဲဗျာ။ ရာမညမြေမှာ ရွှေင်္ဟသာမှ မရှိရင်မွန် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေမှမရှိရင် ရာမညမြေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။

ရွှေင်္ဟသာ ရာမညမြေဆီ ပျံသန်းနိုင်ဖို့ သမိုင်းကပေးတဲ့တာဝန်ကို ထမ်းဆောင်ရမှာ ကျနော်တို့ မွန်လူမျိုး တွေရဲ့ ကြီးလေးတဲ့တာဝန်တစ်ရပ်ပါ။ မွန်လူမျိုးတိုင်းဘယ်နေရာပဲရောက်ရောက် ဘယ်အခြေအနေပဲရှိရှိ တတ်စွမ်းသလောက်ထမ်းဆောင်သင့်တယ်လို့ ကျနော်ထင်မြင်မိပါတယ်။

1 ယောက်ကဒီလိုမြင်ပါတယ်:

Google Myanmar Services said...

့မြန်မာစာဟာ မွန်စာမှ ဆင်းသက်လာတာကို တစ်ကယ်မမေ့ပျောက်စေခြင်ပါဘူး။ တစ်ကယ်သိခြင်ပါတယ်။ အခုအချိန်မှာ မွန်စာ ဖတ်တတ်တဲ့ မွန်လူမျိုးတွေ ဘယ်နှစ်ရာခိုင်နှုန်းပဲရှိတော့လဲ။ မွန်စာပေ၊ မွန်စကား၊ မွန်ယဉ်ကျေးမှု၊ စတာတွေကို မွန်လူငယ်တွေ ကိုယ်တိုင်အထင်မကြီးကြတော့ပါဘူး၊ တစ်ကယ်ကို ရင်နာစရာအဖြစ်ပါ။ ဒါကြောင့်မို့ ကျနော်လည်း နောင်လာမယ့် မွန်လူငယ်တွေ မွန်နဲ့ပတ်သက်တဲ့ အရာမှန်သမျှ အရှုက်မကြီး အထင်မသေးပဲ။ အထင်ကြီးပြီး ငါမွန်လူမျိုးတစ်ယောက်ဖြစ်တယ်ဟေ့ ဆိုတာကို ရင်ကိုကော့ပြီးမော်ကြွားနိုင်အောင် ယ္ခုလက်ရှိ ကျနော်တို့ ဘာကို စံပြနမူနာ ကောင်းတွေ ပြရမလဲဆိုတာကို ကြိုးစားသင့်ကြပါတယ်.. မှတ်ချက်.. ကျနော့်ကို မွေးတာ. (ကတိုး)ကော့နှပ့်ရွာ ဦးနာအောက် ရွာနားက ကော့လှာရွာမှာမွေးပါတယ်။ သုံးနှစ်လောက်ရတော့ အမေနေတဲ့ ဖလယ်ဖြူနားရဲ့တစ်ဖက်ခြမ်းရွာက ကော့ပေါက်/ကော့တွန်ရွာမှာ ၂ တန်းအထိကျောင်းနေခဲ့တယ်. ၂ တန်းနှစ်ထဲမှာပဲ မော်လမြိုင်ကို ပြောင်းလာခဲ့တယ်..အခုထိ(သီရိမြိုင်-စာရေးကြီးကုန်း)မော်လမြိုင်မှာပဲကျနော့်မိဘတွေနေနေတုန်းပါပဲ။ မွန်လူမျိုးတွေကို တိုးတက်စေတဲ့ ဆန္ဒကျနော့်မှာ အမြဲတမ်းရှိတယ်။

Post a Comment