ဒီမှာ မိန်းကလေး . . .
ရက်စက်မှုတွေကို
သူငယ်ချင်းတစ်ယောက်လို
ပေါင်းသင်းတဲ့ မင်းလေးကို
ငါ့ဘက်ကတော့ နိုးပဲ။
ဒီမှာ မိန်းကလေး . . .
မင်းခွဲသွားတဲ့ ငါ့နှလုံးသားနှင့်
မကျက်သေးတဲ့ ဒဏ်ရာတွေနဲ့
အသက်ဆက်ရှင်ရတာကတော့
စိတ်မကောင်းဘူး။
ဒီမှာ မိန်းကလေး . . .
လုပ်ချင်တာလုပ်ခဲ့ပြီးမှ
လွမ်းပါတယ်လို့ မုသားတွေနဲ့
မင်းရဲ့ ပရိယာယ်တွေအတွက်
ငါ့ဘက်ကတော့ နိုးပဲ။
ဒီမှာ မိန်းကလေး . . .
မင်းလေးအတွက်
ငါ့ဘက်ကတော့ နိုးပဲ။
ခက်ဆစ်
နိုး= ငြင်းဆိုခြင်း။
လက်မခံနိုင်ခြင်း။
အရင်လိုလုံးဝပြန်မကောင်းနိုင်ခြင်း။
Thursday, April 24, 2008
ငါ့ဘက်ကတော့ . . .
10 ယောက်ကဒီလိုမြင်ပါတယ်:
- မြန်မာပြည်ကိုလွမ်းတယ် said...
-
နိုးကိုတော့ လုံးဝကြိုက်တယ်ဗျိုး။လုံးဝ..လုံးဝ
နိုးပဲ။ဒီမှာမိန်ကလေး..ငါ့ဘက်ကတော့နိုးပဲ..။
အဲလေ..မှားလို့..ကိုမော်စီရေ..နိုးဗျိုး။ - April 24, 2008 at 8:35 PM
- Anonymous said...
-
`´ငါ့ဘက်ကတော့ နိုးပဲ`´
ကြိုက်သွားပြီးဗျာ.... :) - April 24, 2008 at 10:02 PM
- Anonymous said...
-
ဘူးဆိုဖရုံမသီးတဲ့ ဥက္ကဌကြီး မော်.....
စိတ်ကြီးလိုက်တာနော်....... - April 24, 2008 at 10:15 PM
- Tea said...
-
NO
NO NO
NO NO NO
NO NO NO NO
NO NO NO NO NO
ငါ့ဘက်ကတော့ နိုးဘဲ.. လန်းတယ်ဗျာ - April 24, 2008 at 10:40 PM
- Anonymous said...
-
ငါ နဲ့ နင်
နင် နဲ့ ငါ
ဘာဖြစ်ဖြစ်ကွာ။
ဒီမှာ...
ငါ့ဘက်ကတော့ NO ပဲ...။ - April 24, 2008 at 11:05 PM
- နေလင်း said...
-
ကိုမော်စီတို့ကတော့ အချစ်ကြီးသလို အမြတ်ကြီးတယ်နော်...ပြတ်သားရည်သောက်ပြီး ဒီလောက်ပြတ်သားနေတာလားဗျာ..သနားပါတယ်..တကယ်ပဲ
ပြတ်တယ်ပေါ့.. - April 24, 2008 at 11:19 PM
- Anonymous said...
-
" NO " ဘာလိုသေးလဲ
ဟဲဟဲ ...... သီချင်းလေးပါ....
ဟုတ်တယ်... အဲလိုမိန်းကလေးကို နိုးပဲနော်..
နိုး နိုး - April 24, 2008 at 11:26 PM
- Pinkgold said...
-
မော်စီ တို့ကတော့ နိုးကို တော်တော် ကြိုက်တယ် ထင်တယ်....
ကောင်းတယ် နိုး ဆို နိုးပဲ... နိုးလွတ်းရင် ဆွစြိ ခံရမယ်နော် သတိထား - April 25, 2008 at 4:07 AM
- BLANK PAPER said...
-
မထောက်ခံခိုင်းနဲ့ နိုးပဲ..
- April 25, 2008 at 2:03 PM
- Chan Mya Soe said...
-
ကဗျာဖတ်ပြီးချိန်မှာ ပါးစပ်ကရေ၇ွတ်မိတယ်
"အို့ NO (နိုး) အသည်းကွဲတာပဲကောင်း"
အဲလက်စ်ရဲ့ သီချင်းထဲကပါ :P - April 26, 2008 at 4:59 PM