Photoshop နဲ့ညနေဆည်းဆာလေးလုပ်ကြည့်ရအောင်။ ကျနော်အောက်မှာ ပြထားတဲ့ပုံကို ညနေဆည်းဆာပုံလေးဖြစ်အောင်လုပ်ကြည့်ထားတယ်။
ကျနော်တို့ပြုလုပ်ချင်တဲ့ပုံကို ဖွင့်ထားပြီးဆိုရင် background layer ကို select လုပ်လိုက်ပါ။ အဲပြီးရင် Ctrl+j ကိုနှိပ်လိုက်ပါ။ Layer1 တစ်ခုပေါ်လာပါမယ်။
Layer1 ကို select လုပ်ထားပြီး Image --> Adjustmenes-->Photo Filter ကို click လုပ်လိုက်ပါ။ အောက်မှာပြထားတဲ့ Photo Filter box တစ်ခုပေါ်လာပါမယ်။ Density ကို 100 အထိရွှေ့ပေးလိုက်ပါ။
အဲဒီအဆင့်ထိပြီးပြီးဆိုရင် Image --> Adjustmenes--> Brigheness/Contrast ကို click လုပ်လိုက်ပါအုံး။ Brigheness/Contrast Box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Brigheness ကို - 10 ထားပြီး Contrast ကို +5 ထားလိုက်ပြီးရင် OK ပေါ့ဗျာ။
အားလုံးကိုလုပ်ပြီးပြီးဆိုရင်တော့ အောက်ကညနေဆည်းဆာပုံလေးကိုရရှိမှာဖြစ်ပါတယ်။
Friday, February 29, 2008
ညနေဆည်းဆာ
ရေးသားသူ မော်စီ at 1:21 AM 4 ယောက်ကဒီလိုမြင်ပါတယ်
Labels: ဗဟုသုတ
Tuesday, February 26, 2008
ဒီနေ့မှ
ကျနော် အွန်လိုင်းပေါ်မရောက်တာ သုံးရက်လောက်ရှိပါပြီး။ အင်တာနက်က ပျက်နေတာ အဲဒါကိုပြင်ဖို့အင်တာနက်ပြင်တဲ့ရုံးကို ဖုန်းဆက်ထားတာ ဒီနေ့မှ လာပြင်ပေးတယ်။ အဲဒါကြောင့် အခုမှအင်တာနက်ရတယ်။ အင်တာနက်မတက်ရလို့ ကျနော့်မှာ ထမင်းလည်းစားလို့မ၀င်ဘူး
(ခေါက်ဆွဲတို့ ကြာဆံတို့ ကိတ်မုန့်တွေ စားထားလို့) အိပ်လို့လည်းမပျော်ဘူး(တစ်ညလုံး ဗွီဒီယိုထိုင်ကြည့်လိုက် ကိန်းဆော့လိုက်နဲ့ မိုးလင်းခါနီးမှအိပ်ဖြစ်တယ်)။ အင်တာနက်မရတော့ ဘလော့ကိုလည်းမလည်ဖြစ်ဘူးလေ။ လာလည်သွားတဲ့ မောင်နှမတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။
ရေးသားသူ မော်စီ at 8:55 PM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
သတိရတိုင်းမလွမ်းချင်တော့ပါ
ပေးဆပ်ခဲ့ဖူးတဲ့မေတ္တာတွေ
ယုယခဲ့ဖူးတဲ့အကြင်နာတွေ
စောင့်တည်ခဲ့တဲ့သစ္စာတွေ
ဒါတွေအားလုံး
မင်းကဥပက္ခာပြုတော့
ငါပိုင်တဲ့ဤအရာတွေဟာ
မင်းနဲ့မတန်လို့သတ်မှတ်ရမှာပေါ့ . . .။
လျှောက်ခဲ့ဖူးတဲ့လမ်းလေး
နားခိုခဲ့ဖူးတဲ့အရိပ်ကလေး
ရှုရှိုက်ခဲ့ဖူးတဲ့လေပြေလေး
အားလုံးကအရင်တိုင်းပါပဲ
ပြောင်းလဲသွားတဲ့အရာတွေကို
သတိရနေပေမယ့် သတိရတိုင်း
မလွမ်းချင်တော့ပါ . . .။
ရေးသားသူ မော်စီ at 8:53 PM 2 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကဗျာ
Tuesday, February 19, 2008
မ်ာမွဲစွေက် တၝဲကောန်ဂကူမန် မရနုက်ကုဪ (၆၁)၀ါ
မွန်အမျိုးသားနေ့
ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ မှာ ကျရောက်မည့် မွန်အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤပို့စ်ကိုတင်ရခြင်း ဖြစ်ပါသည်။
သာသနာသက္ကရာဇ် ၁၀၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ပြဿဒါးနေ့) မှာ သာမလရာဇာ၊ ၀ိမလရာဇာ မွန်ဘုရင်ညီအစ်ကိုနှစ်ပါးက ဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်သည့်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
မွန်အမျိုးသားနေ့ကို ၁၃၀၈ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှစတင် ပြုလုပ်ခဲ့ပြီး ယခု ၁၃၆၉ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဆိုရင် ၆၁ ကြိမ်မြောက်ခဲ့ပါပြီး။ ၆၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပါသည်။
မွန်အဆိုတော် ပါမောက္ခဆာန်(ပါမောက္ခချမ်း)က မွန်အမျိုးသားနေ့ကို ဂုဏ်ပြု
သီဆိုထားတဲ့သီချင်းတစ်ပိုဒ်ပါ။ လိုချင်သောဆန္ဒရှိပါက ဒီနေရာ မှရယူနိုင်ပါတယ်။
ရေးသားသူ မော်စီ at 7:37 PM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: အမှတ်တရလေးများ
Sunday, February 17, 2008
လျှပ်စီးလက်ခြင်း
ကျနော် အလုပ်လုပ်နဲနဲပါးလို့ Photoshop cs2 ထဲက ကျနော်သိတာလေး တွေကို မျှဝေချင်ပါတယ်။ ကျနော်က ဒီဇိုင်းတွေလုပ်ရတာဝါသနာပါသူတစ်ယောက်ပါ။ အဲဒါကြောင့် လေ့လာရင်းကျနော် သိသလောက်လေးတွေကို မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတလေးရလိမ့်မယ်လို့ထင်ပါတယ်။
ကျနော်တို့ Photoshop cs2 နဲ့ လျှပ်စီးလက်ခြင်းလုပ်ကြရအောင်။ ကျနော်က ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တကွဖော်ပြထားပါတယ်။
ကဲစကြရအောင် . . .
ကျနော်တို့ပြုလုပ်ချင်တဲ့အရွယ်အစားကို File --> New (ctrl+N)မှာသတ်မှတ်လိုက်ပါ။ အဲဒါပြီးရင်
Layer --> New --> Layer (ctrl+shift+N)မှာ Layer အသစ်တစ်ခုယူလိုက်ပါ။
အဆင့်(၁) ကျနော်တို့ Tools box ထဲက colour ကိုပုံအတိုင်းရွေးလိုက်ပါ။
အဆင့်(၂) ကျနော်တို့ colour ရွေးပြီးပြီးဆိုရင် Filter --> Render --> clouds ကို click လုပ်လိုက်ပါ။ အောက်ကပုံအတိုင်းရရှိလာပါမည်။
အဆင့်(၃) clouds ပုံရလာပြီးဆိုရင် Filter --> Render --> Difference clouds ကို ၃ ကြိမ်လောက် click လုပ်ပေးပါ။ ပုံအတိုင်းရရှိပါမည်။
အဆင့်(၄) ရရှိလာတဲ့ပုံကို Image --> Adjustments --> Invert (ctrl+I)ကို click လုပ်လိုက်ပါ။
အဆင့်(၅) ဒါတွေပြီးရင် Image --> Adjustments --> levels (ctrl+L) ကို click လုပ်ပါ။ Levels box တစ်ခုပေါ်လာပါမယ်။ box ထဲက Input levels မှာ (0- 0.10- 255) လို့ပြောင်းပေးပြီးရင် OK ပေါ့။
အဲရလာတဲ့ပုံကို ကြည့်လို့ကောင်းအောင် Tools box ထဲက clone stamp tool (s) (or)
Eraser tool (E) နဲ့ပဲဖြစ်ဖြစ်ရှင်းလင်းပေးလိုက်ပါ။ အဲဒါဆိုရင် ကောင်းကင်မှာ
လျှပ်စီးလက်နေတဲ့ပုံကိုရရှိလာပါမယ်။
ကျနော်ကလိထားတဲ့ပုံကို အောက်မှာဖော်ပြပေးထားပါတယ်။
ကဲ စိတ်ဝင်စားရင် လိုက်လုပ်ကြရအောင် . . .
ရေးသားသူ မော်စီ at 9:36 PM 2 ယောက်ကဒီလိုမြင်ပါတယ်
Labels: ဗဟုသုတ
Friday, February 15, 2008
များလွန်းလို့
ကျနော် အခုတလောဗျာ တစ်ကယ် ပြောကိုမပြောချင်ဘူး(ပြောချင်လွန်းလို့)။
ကျန်နေသေးတဲ့ အလုပ်အကြွေးနဲ့ ထပ်ရောက်လာတဲ့ အလုပ်အသစ်တွေနဲ့ နပန်း လုံးနေရတယ်တဲ့လေ။ အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ကျနော်လေ ခွင့်အနည်းငယ်ယူ၍ ဘလော့လည်ခြင်း ပိုစ့်တင်ခြင်းများကို ခေတ္တရပ်ဆိုင်း ထားမည်းဖြစ်ပါသည်။
ရေးသားသူ မော်စီ at 12:14 AM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Tuesday, February 12, 2008
ကျနော်နဲ့ ဘလော့ အဲ ချော့ကလက်
တစ်ကယ်ဗျာကျနော့်ကိုမညှာမတာ ပေးလိုက်တဲ့အလုပ်တွေ ကျနော်တစ်လကျော်
ကျော်လောက်ပဲ ခရီးထွက်သွားတာ ဒီလောက်ပေးစရာလား။ ကျနော့်အလုပ်အကြွေး
တွေကျန်နေတာပါ။ အဲဒါနဲ့ အချိန်ရှိခိုက်လုံးလစိုက်ဆိုသလို အချိန်ရှိတုန်းအလုပ်
ကလေးနည်းနည်းလုပ်လိုက်မယ်ဆိုပြီး ကွန်ပြူတာကိုဖွင့်လိုက်တယ် အင်တာနက်
တက်လိုက်တယ် အလုပ်မလုပ်ခင်လေးမှာ ဘလော့ဆီခဏသွားလိုက်မယ်ဆိုပြီး
ဘလော့ထဲကနေပြန်ကိုထွက်မလာနိုင်ဖို့ ကျနော်ကိုဆွဲထားသလိုပါပဲဗျာ။
ဘလော့သံသရာထဲမှာ ကျနော်ညကတော်တော်ညဥ့်နက်မှ အိပ်ယာဝင်ရတယ်။
အခုတလော ကျနော့်ညီလေး အိုဂီဆုကလည်း password မေ့သွားလို့ ငိုနေတယ်
ပြီးတော့ ဘလော့တွေကို လိုက်နှုတ်ဆက်နေတယ်။ သူ့ကိုလည်း ဘလော့ဂါတိုင်းက
အားပေးလိုက်ရတာ အားကိုကုန်ရောပဲထင်တယ်။ အံမယ်အခုတော့ ဘလော့အသစ်
လုပ်နေတယ်ဆိုပဲ သူက DJ ၀ါသနာအိုးဆိုတော့ DJ စတိုင်လ်လုပ်မယ်ထင်တယ်နော်။
ဒီကြားထဲ အကိုမင်းယွန်းသစ်က ပြောတဲ့အတိုင်းမလုပ်လို့ ချိတ်ချိုးနဲ့တဲ့ ဧပြီဖူးကနေ
ဗယ်လင်တိုင်းဖူးတွေ ဖြစ်ကုန်တာပဲ။ မီးလေးကလည်း အရူးလုပ်ခံဆိုပြီး
သူသိသလောက်အရူးလုပ်ခံရသူစာရင်းစုထားသေးတယ်။ အော်ဒါနဲ့ မနက်ဖြန်
ချစ်သူများနေ့ပဲ။ချစ်သူများနေ့ဆိုတော့ ချစ်သူရှိတဲ့လူတွေ ချစ်တဲ့သူနဲ့ပျော်ရွှင်
နိုင်ပါစေဗျာ။ချော့ကလက်တွေတော့ ရောင်းကောင်းတော့မှာပဲ။ ဒီအချိန်မှာ
ချော့ကလက်ရောင်းရင်တော်တော်လေးမြတ်မယ်။ တစ်ကယ်ကျနော်မလိမ်ဘူး ကျနော့်မှာချစ်သူများနေ့နဲ့ပက်သက်ပြီးဘာအမှတ်တရမှမရှိဖူးဘူး ဘယ်သူမှလည်းချော့ကလက်လာမကြွေးဘူး ဟီးအားငယ်လိုက်တာနော်။
အော်သတိရပြီး အမှတ်တရရှိခဲ့ဖူးတယ်။
ကျနော်ကျောင်းတက်တုန်းက ချစ်သူများနေ့ဆိုပြီး ကဗျာစာအုပ်ထုတ်ဖူးတယ်။ ကျနော်
တို့ နည်းပညာကောလိပ်က ကဗျာဝါသနာရှင်တွေကို စုစည်းပြီးထုတ်ထားတာ အဲဒီမှာ
ကျနော့်ကဗျာနှစ်ပုဒ်ပါဖူးတယ်။ အဲဒီတုန်းကမှတ်မှတ်ရရ ကဗျာစာအုပ်ထုတ်ဖို့ ကျနော့်
ဂဏန်းတွက်စက်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့လက်စွပ် အပေါင်ဆိုင်မှာ
ရက်၂၀ လောက်သွားနေလိုက်ရသေးတယ်။
ချစ်သူများနေ့မှာ ကျနော်ချစ်တဲ့ဘလော့ဂါမောင်နှမတွေကို ချော့ကလက်တွေပေးမယ်
ယူကြနော်။ တစ်ကယ်ကျနော်ဘယ်သူ့ကိုမှ မပေးဖူးဘူး ဒါပထမဦးဆုံးပဲ . . .။
ချစ်သူများနေ့မှာ ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ . . .။




ရေးသားသူ မော်စီ at 8:17 PM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: အမှတ်တရလေးများ

