Saturday, July 12, 2008

ကျနော်နဲ့မွန်စာ

လ်းဂိတုေတံတၞး
ကေင်သာယာကႜုင်
မွဲအခိင်တေံလေ၀် . . .

မတ်ဗြဲတအ်စုဪဒႝါ
လျးဂိတုလေ၀်ဟွံဆုဪ
သြ၀် . . . .
ဂႜဳဓုီလၝဳေလၝာန္ေကြံရၟာဲ

လ်းဂိတုဂြံထပ္တၞး
ပုိဦမင္စၞှေကတ္ဟာ?
ဂိုတ်ထစာန်ကေတ်ဟာ?
ဆပ်ဗစာရောင်စိုအ် . . . .

ကျနော်ရဲ့မွန်ကဗျာတစ်ပုဒ်ပါ။ ဖတ်ကြည့်အင်မတန်အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါ(ကျနော်ရေးထားလို့:P)။ အဓိပ္ပါယ်ကို ကျနော် ရှင်းပြပါမယ် ``အရင်တစ်ချိန်က လမင်းကြီး ထွန်းလင်းလို့ သာယာခဲ့ဖူးတယ် ... တိမ်တွေဖုံးလို့ ထွန်းလင်းနေတဲ့လမင်းကို မမြင်နိုင်တော့ပါဘူး မှောင်မိုက်ပျင်းရိစရာ ကောင်းပါတယ် ... လမင်းကြီးနောက်ထပ် ထွန်းလင်းနိုင်ဖို့ ကျနော်တို့ ထိုင်စောင့်နေမှာလား ကြိုးစားရုန်းကန်ယူမလား စဉ်းစားကြည့်ကြပါစို့´´ လို့ အဓိပ္ပါယ်ရပါတယ်။

ကျနော့်မိဘဖိုးဖွားတွေက မွန်စစ်စစ်တွေဖြစ်လို့ ကျနော်ကမွန်သွေးစစ်တဲ့မွန်လူမျိုးလေးတစ်ယောက်ဖြစ်ပါတယ်။ ကျနော့်ရဲ့မိခင်ဘာသာကတော့ မွန်ဘာသာပေါ့။ တစ်ခုလောက်တော့ဝန်ခံချင်ပါတယ်။ ကျနော်က မွန်လူမျိုး စစ်စစ်တစ်ယောက်ဖြစ်နေပေမယ့် မွန်စာကို ကောင်းကောင်းမတတ်ပါဘူး။ မွန်စာကို ဗမာစာလောက် ကျနော် မကျွမ်းကျင်ပါဘူး။ ရီစရာများဖြစ်နေမလား . . . မွန်လူမျိုးတစ်ယောက်က ကိုယ့်စာကိုတော့ မကျွမ်းကျင်ဘူး သူများစာကိုကျတော့ ကျွမ်းကျင်နေတယ်။ ကျနော်တစ်ယောက်တည်း ဒီလိုဖြစ်နေတာမဟုတ်ပါဘူး။ ကျနော်တို့မွန်လူမျိုး အတော်တော်များများ အဲဒီလိုဖြစ်နေကြပါတယ်။

ကဲ့ ဘာဖြစ်လို့ မတတ်တာလဲ။ ရှင်းပါတယ် မသင်လို့ပေါ့ဗျာ။ ဒီပညာတွေက မွေးရာပါတတ်လာတဲ့ပညာတွေမှ မဟုတ်တာ သင်မှတတ်မှာပေါ့။ ကိုယ့်မိခင်ဘာသာကို မသင်ဘူးဆိုတော့ မွန်လူမျိုးတွေ ပျင်းနေတယ်လို့တော့ မထင်ပါနဲ့။ မေးကြည့်လိုက်ပါ စာဖတ်သူတို့နဲ့ နီးစပ်တဲ့ မွန်စာမတတ်တဲ့ မွန်လူမျိုးတွေကို
`` မွန်စာမသင်ချင်ဘူးလား?´´ လို့။ သင်ချင်ကြပါတယ် မတတ်ဘူးဆိုတာကလည်း သင်ဖို့အခွင့်အရေးတွေ မရခဲ့ကြလို့ပါ။

မွန်စာတတ်တဲ့မွန်လူမျိုးတွေ အများကြီးရှိပါတယ်။ အဓိကကတော့ မွန်ဘုန်းကြီးတွေပေါ့။ ဘုန်းကြီးတွေရဲ့ကျေးဇူးကြောင့်လည်း မွန်စာက အခုထိရှင်သန်နေတာပါ။ ကျနော်လည်း အထက်ပါကဗျာကို ရေးသားနိုင်ဖို့ ကိုရင်ဝတ်ပြီးဘုန်းကြီးကျောင်းမှာ မွန်စာသင်ရပါတယ်။ မွန်စာသင်ဖို့အတွက် ကျနော်ဒုတိယအကြိမ် ကိုရင်ဝတ်ရပါတယ်။ ကဲ့စဉ်းစားကြည့်ကြပါဗျာ . . . ကိုယ့်ဘာသာစာပေကိုသင်ဖို့အတွက် ဘုန်းကြီးဝတ်နေရသေးတယ်။

အရင်တုန်းကတော့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဗမာကျောင်းတက်နေကြတဲ့ မွန်လူငယ်ကျောင်းသားတွေက ဘုန်းကြီးကျောင်းသွားပြီး မွန်စာသင်ကြပါတယ်။ ကျနော်တို့မွန်အခေါ် ``ဘာဥတုကညင်´´ နွေရာသီမွန်စာသင်ကျောင်းပေါ့။ ဘုန်းကြီးတွေ မွန်စာတတ်တဲ့ လူကြီးတွေ အခမဲ့သင်ပေးကြပါတယ်။ တစ်ခြားဘာသာတွေကို သင်လို့အားတဲ့အချိန်တွေမှ ကိုယ့်ရဲ့ မိခင်ဘာသာကိုသင်ရတာ သဘာဝမကျဘူးလို့ ထင်ပါတယ်။

အခုအချိန်မှာလည်း နွေရာသီမွန်စာသင်ကျောင်းကို မွန်ကျေးရွာတွေမှာ ကိုယ့်အားကိုယ်ကိုးကျောင်းတွေဖြင့် မွန်စာပေဆက်လက်ရှင်သန်ဖို့ ကြိုးစားနေချိန်မှာ မွန်ပြည်နယ်ရဲ့မြို့တွေမှာ အဲဒီအခွင့်အရေးတွေနည်းပါးနေပါတယ်။ အဲနောက်တော့ မော်လမြိုင်မှာရှိတဲ့ မွန်ယဉ်ကျေးမှု ပြတိုက်ကိုလည်း အမျိုးသားယဉ်ကျေးမှုပြတိုက်လို့ ပြောင်းလိုက်သေးတယ်။ ရှိပါသေးတယ် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်နေ့ဆိုပြီး မြန်မာတိုင်းမ်ဂျာနယ်မှာ ပါခဲ့ပါသေးတယ်။ သံလွင်တံတား အ၀င်ဝ အ၀ိုင်းမှာရှိတဲ့ ဟသာင်္ရုပ်တုကို ဗေဒင်အရ ဆွမ်းအုပ်ပုံပြောင်း လိုက်ပါ သေးတယ်လေ။ အဲဒါတောင် န အ ဖ အစိုးရက ကျောသားရင်သား မခွဲခြားပဲ တိုင်းပြည်ကို အုပ်ချုပ်နေတယ် ဆိုပဲ။

မွန်လူမျိုးတိုင်း မွန်စာမတတ်နိုင်ကြပေမယ့် ၉၀ ရာခိုင်နှုန်းလောက်တော့တတ်သင့်ပါတယ်။ မွန်စာသင်ခွင့်လည်း လွတ်တ်လပ်လပ်ရှိသင့်ပါတယ်။ လူမျိုးတိုင်း ကိုယ့်ရဲ့ စာပေ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခွင့်ရှိသင့်တယ်လို့ စာဖတ်သူတို့အနေနဲ့ မထင်ဘူးလား။

လူမျိုးတစ်မျိုးမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေက အရမ်းကိုအရေးကြီးပါတယ်။ အဲဒါတွေသာ မရှိတော့ရင် အဲဒီလူမျိုး အနှေးနဲ့အမြန် ပျောက်ဆုံးနိုင်ပါတယ်။ ကျနော်တို့ လူမျိုးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေ ပျောက်ကွယ်မသွားအောင် ကာကွယ်ထိန်းသိမ်းရင်း . . . .

20 ယောက်ကဒီလိုမြင်ပါတယ်:

little moon said...

ကျွန်တော့်မိဘနှစ်ပါးလုံး မော်လမြိုင်ဖက်က ဇာတိပါ။ အမေဖက်က အဘွားတို့က ကတိုးဖက်က လာကြတာ။ အဖေဖက်က ဘီလူးကျွန်းဖက်ကဗျ။ အခုမော်လမြိုင်ကိုသွားရင် ထမင်းတက်စားစရာ ဆွေမျိုးအိမ်တွေ အများကြီးပဲ။ မွန်စာတော့ မတတ်ဘူးဗျာ

တားမြစ် ထားသော... said...

မွန်စာပေ၊ မွန်ယဉ်ကျေးမှု တိုးတက်အောင် တတ်အားသမျှ ဆောင်ရွက်နိုင်ပါစေဗျာ။

ကဗျာကိုလည်း မဖတ်တတ်ပေမဲ့ ရှင်းပြထားတာအရ ကဗျာကောင်းလေးပါပဲ။

Chaos said...

ကိုမော်စီက လာဖတ်ဆိုလို့
မဟားဒရားကိုပြေးပြီးလာဖတ်တာ
အဟီးးးးးးးးး
နားလည်ဝူးနော်
ဘာပဲဖြစ်ဖြစ်
ကိုမော်စီ မျှော်လင့်ထားသလို အမြဲပဲ အဓွန့်ရှည်တည်တံ့နေပါစေလို့ .......

Minn Yoon Thit said...

ကိုမော်စီရေ ကျွန်တော်လဲ ဒီလိုပဲ ကရင်သွေးပါပေမယ့် ကရင်စကားလဲ ဟုတ်တိပတ်တိ မတတ် ၊ ကရင်စာလဲ မသိတဲ့ သူပါပဲ..။ အခြေအနေက မပေးဘူးဗျ..။ ကျွန်တော်တို့ ကျောင်းတွေမှာ ကိုယ့်တိုင်းရင်းသားလိုက် ကွန်မြူနတီလေးတွေ ထားပေးရင် ကောင်းသား။ ဒါဆို ကျွန်တော်တို့ ကိုယ့်မိခင် ဘာသာဗေဒနဲ့ မစိမ်းတော့ ဘူးပေါ့..။ ကဗျာလေး ကောင်းပါတယ်...။ ကောမန့်ကို နက်မကောင်းတဲ့ကြားက တကူးတက ပေးသွားတယ်နော်... ;)

စိုးထက် - Soe Htet ! said...

:)

Saing Khan Tun said...

ကိုမော်စီ ...
ကျွန်တော်က ရှမ်းနီလူမျိုး၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဟောင်ပါး၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဖားကန့်၊ လုံးခင်း၊ ဟိုပင်၊ ခန္တီး စသည့် စသည့် .. မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ ရှိနေကြဆဲပါ။ စာတွေ၊ စကားတွေ ပျောက်နေပါပြီ။
အစ်ကို့ခံစားချက်ကို ကောင်းကောင်းမျှဝေခံစားနိုင်ပါတယ်။

Welcome said...

အနှစ်သာရပြည့်ဝတဲ့ ကဗျာလေးကို ခံစားသွား ပါတယ်။ ဖတ်တတ်လို့တော့ မဟုတ်ပါဘူး၊ စကားပြေလေးကို ဖတ်ပြီး ခံစားသွားတာပါ။
ကျွန်တော်လဲ ရှမ်းဖြစ်ပြီး ရှမ်းစာမသင်ခဲ့ရဘူး၊
ရှမ်းစာသင်မယ်လုပ်တိုင်း တာဝန်ရှိတဲ့ အာဏာပိုင်တွေက လာလာပိတ်သွားလို့ပါ။ ဘုန်းကြီးကျောင်းမှာတောင် သင်ခွင့်မရခဲ့ပါဘူး။

ဝင်းဇော်

ကလူသစ် said...

ဘာမှ အားမငယ်နဲ့ မွန်တမျိုးထဲမှ မဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသားတွေလဲ မူရင်းဘာသာစကား ဖျောက်ခံနေရတာပဲ။ အဘတို့ကိုလဲ လမ်းကြုံရင် ကျေးဇူးတင်စကားဝင်ပြောလိုက်အုန်း။ လူမျိုးရယ်လို့ ကျန်သေးလို့.....ဒါတောင် ဘယ်လောက်ကြာကြာခံမလဲမသိဘူး။

Anonymous said...

Hi Ko Mawzi

Everybody has rights and duties to protect and maintain his/her language and nationality ... It is our ethic of being son and daughter ... Keeo it up.. I even got an idea to write an article in detail.. Thanks for invitation...

လင်းဦး(စိတ်ပညာ) said...

အဟဲ... ကိုမော်စီတစ်ယောက်တည်းတော့ ဟုတ်ပါဘူး...
အခြား လူမျိုးတွေလည်း တော်တော်များများ မတတ်ကြပါဘူး.. အခြေအနေ အချိန်အခါကလည်း မပေးကြဘူးလေ.... ကျွန်တော်ကတော့ ရခိုင်တို့၊ ထားဝယ် စကားတွေကိုတော့ နားလည်တယ်... ဒါပေမယ့် ခုဏပြောသလို စာပေတော့ မတတ်ဘူး..

ထွန်း said...

အေးကွာ ကိုယ့်လူမျိုးကိုယ့်စကားမတတ်တော့ ကိုမော်စီရေးတဲ့ ကဗျာလဲ မဖတ်တတ်တာ ရင်နာမိပါတယ် ပြည် သထုံ အလံတစ်ရာ ဘက်ရောက်တုန်းက အလံတစ်ရာ ကျောင်းဝန်းထဲမှာ သီလရှင် ငယ်ငယ်လေးတွေ ကိုရင်လေးတွေ စာသင်နေကြတာ အားကျစရာကွာ
မွန်လို လဲ ပြောတတ်ချင်တယ် မွန်စာလဲ တတ်ချင်တယ် အခုပိုဆိုးပြီ။ ရွာမှာတောင်မရှိလို့  ဝေးပြီကွာ
သာဓုဘဲ ကိုမော်စီရေ ရဟန်းဘောငိထဲဝင်တယ် ဆိုလို့ 

ငြိမ်းစု said...

ကိုမော်စီရေ မွန်ကဗျာလေးကို ကြိုးစားဖတ်သွား ပါတယ်။ ကဗျာကိုနားမလည်ပေမယ့် ရှင်းပြထား တာကြောင့် အဆင်ပြေပါတယ်။ တိုင်းရင်းသား ကဗျာတွေ၊ စာတွေကိုဖေါ်ပြပေးတဲ့အတွက် ကျေးဇူးပါ။ ဖြစ်နိုင်ရင် တိုင်းရင်းသား ကဗျာတွေ ကို ဘာသာပြန် မြန်မာကဗျာအဖြစ် တင်ပြစေချင်ပါတယ်။

Anonymous said...

လူမျိုးတစ်မျိုးမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေက အရမ်းကိုအရေးကြီးပါတယ်။ အဲဒါတွေသာ မရှိတော့ရင် အဲဒီလူမျိုး အနှေးနဲ့အမြန် ပျောက်ဆုံးနိုင်ပါတယ်။

အဲဒီအချက် အရေးအကြီးဆုံးပဲ...။

အိတာ said...

တည်တံ့အောင်ကြိုးစားနိုင်တာအကောင်းဆုံးပါပဲအကိုရေ...

Kaung Kin Ko said...

မွန်ကဗျာလေးကို ရှင်းပြထားတာလေး လာဖတ်သွားတယ်ဗျာ

Pinkgold said...

မွန်စာတော့ နားမလည်ဘူးရှင့်.. ရှင်းပြထားတာတော့ တော်တော်ကောင်းပါတယ်.. ကျွန်မက ရခိုင်လေ.. ရခိုင်သံနဲ့ ကဗျာရေးအုံးမှ ဟီး

ရွှေပြည်သူ (ShwePyiThu) said...

မိခင်ဘာသာစကားကို တန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းချင်တဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ် မောင်လေးမော်စီရေ။ အစ်မတော့ မွန်လိုမတတ်ပေမယ့် ကဗျာကို မြန်မာလို ဘာသာပြန် ထားတာလေးကို ဖတ်ကြည့်တော့ အဓိပ္ပါယ်လှပတဲ့ ကဗျာလေးပါပဲ။ အစ်မတို့ မြန်မာပြည်မှာ မြန်မာစာ မြန်မာစကားအပြင် တိုင်းရင်းသားတွေမှာလည်း ကိုယ်စီ ဘာသာစကားတွေ စာပေတွေရှိတာ အင်မတန် ဂုဏ်ယူဖို့ ကောင်းပါတယ်။ မွန်စာပေ ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။

ဘလူးဖီးနစ် said...

တိုင်းရင်းသား ဘာသာစကားတွေက အင်မတန် ကို တန်ဖိုးထား ပြီး သင်ကြား ထိန်းသိမ်းရမယ့် အရာတွေပါ။ အဓိကက ကိုယ့် ဘာသာကို လူမျိုးတိုင်းက အမျိုးသားရေး တာဝန်နဲ့ သင်ကြရပါမယ်။ အင်တာနက်တွေ ကွန်ပြူတာတွေ ရှိလာတဲ့ အခါ အသုံးချတတ်ရင် ဘာသာစာပေ ကို ထိရောက်အောင် လေ့လာဖို့ အခွင့် ပိုလာပါတယ်။ မွန် ဘာသာ ၀ီကီ ပီဒီယ တစ်ခုလုပ်ပါလားဗျ။ ဒါဆို အရမ်းကောင်းမယ်။ အားပေးပါတယ်ဗျာ။ ကျွန်တော်က တိုင်းရင်းသားဘာသာစကားတွေကို တန်ဖိုးထားလို့ပါ။

Canada Myanmar Group said...

အင်း သုတ ရသ စုံလင်တဲ့ ဘလော့ 
ကလေးတစ်ခုပါပဲ မွန်စာ မွန်တိုင်းရင်း
သားတွေနဲ့ ပတ်သက်လို့  ပိုမိုရေးပါ
ဦး အားပေးလျှက်ပါ မွန်လိုတော့ နည်း
နည်းပဲတပ်တယ်ဗျာ...

Doughnut IO said...

သူတို့က ရှီဟွမ်တီကို အားကျနေကြတာ။ ရှီဟွမ်တီ ဘာလုပ်သလဲတော့ ကိုယ့်ဘာသာကိုယ် ၀ီကီကြည့်ပေတော့။ (မဟာတံတိုင်း ဆောက်တယ်လေ။ အဟိ)

Post a Comment