Wednesday, July 2, 2008

အချစ် + ကျနော် + နှုတ်ဆက်ခြင်း

အေချမ်းတဲ့ ဆောင်းတွင်းရဲ့
နေ့လေးတစ်နေ့မှာ . . .
အချစ်ကို နှုတ်ဆက်ကျောခိုင်းပြီး
အချစ်လောကနဲ့ . . .
ဟိုးအဝေးဆုံးကို ထွက်သွားခဲ့ဖူးတယ်

စမ်းချောင်းထဲမှ ရေတွေ
မိုင်ပေါင်းများစွာ ခရီးနှင်ပြီးနောက်
အချစ်လောကထဲကို
အကြောင်းပြချက်မဲ့စွာနဲ့
ပြန်ရောက်လာခဲ့ပြန်တယ်

အေးချမ်းတဲ့ မိုးတွင်းရဲ့မိုးဖွဲးတဲ့
နေ့တစ်နေ့မှာ . . .
အချစ်က နှုတ်ဆက်ကျောခိုင်းပြီး
ကျနော်နဲ့
ဟိုးအဝေးကို ထွက်သွားဖို့
အိပ်မက်တွေ လာပေးသွားပြန်တယ်

အချစ် + ကျနော် + နှုတ်ဆက်ခြင်း
သံသရာထဲဝယ်. . .

3 ယောက်ကဒီလိုမြင်ပါတယ်:

Anonymous said...

တစ်ချိန်ချိန်တော့ နှုတ်ဆက်ရမှာပေါ့နော်...
မနှုတ်ဆက်ခင်မှာတော့ ချစ်ခြင်းကို ခံစားရတာ
ကြည်းနူးစရာပါ...အစ်ကိုရေ..

ပန်းခရေ said...

တွေ့ဆုံခြင်းဆိုတာ ခွဲခွာခြင်းရဲ့နိဒါန်း
ဒါဆို
ခွဲခွာနှုတ်ဆက်ခြင်းကရော တွေ့ဆုံခြင်းရဲ့ နိဒါန်းဖြစ်မလာ
နိုင်ဘူးလား
ကိုမော်စီရယ်..
တော်လိုက်တာ
ကြိုက်တယ်..
ကဗျာလေးကို

ရေတစက်ကြောင့် said...

တချို့ကလဲပြောကြတယ်... ကိုယ်ချစ်တဲ့သူကိုချစ်ခွင့်ရခဲ့လို့... အကြောင်းမစပ်လို့ မပေါင်းရလဲ.. ချစ်သူအဆင်ပြေရင်..သူလဲပျော်တယ်ဆိုလားဘဲ... မသိပါဘူး.. :P

Post a Comment