Friday, May 30, 2008

သွေးစွန်းနေသော ကျနော့်လက်များ

သည်းခံခြင်းသည် အောင်မြင်ခြင်းတဲ့လေ။ တစ်ကယ်သည်းခံနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် အဆုံး အစွန်ထိတော့ သည်းခံနိုင်တဲ့လူ တော်တော်လေးရှားပါတယ်။

အဲလိုရှားတဲ့အထဲမှာ ကျနော်မပါတာသေချာပါတယ်ခင်ဗျ။ ကျနော်ကတော့ သည်းခံနိုင်လောက်တဲ့ အတိုင်းအတာ လေးကျော်သွားရင်တော့ ပြန်တုံ့ပြန်တတ်ပါတယ်။ အဲဒါကြောင့် ကျနော့်လက်တွေ ခဏခဏ သွေးစွန်းနေရတာ ပေါ့ဗျာ။

တစ်ကယ်တော့ ကျနော်လည်း ဘယ်လုပ်ခြင်ပါ့မလဲဗျာ။ ပထမတော့ ကျနော်က သည်းခံနေပါသေးတယ်။ သည်းခံနေတာကို အခွင့်ကောင်းယူနေတာတော့ မကောင်းဘူးပေါ့လေ။ ကျနော်လည်း ဆက်မသည်းခံနိုင်တော့ စိတ်ရှိလက်ရှိ လုပ်လိုက်ရတာပေါ့။

စဉ်းစားကြည့်ပါဗျာ နေ့ဆိုလည်းတစ်မျိုး ညဆိုလည်းတစ်ဖုံ နေ့တိုင်းကို လိုက်အနှောင့်ယှက်ပေးနေတာတော့ လွန်လွန်းတာပေါ့။ မလုပ်ချင်လို့ငြိမ်နေတာကို ကြောက်နေတယ်လို့ထင်နေလို့လားမသိဘူး။ အဲဒါကြောင့် ဟိုစကားလိုပေါ့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတာပေါ့။

အဲလိုနဲ့ ကျနော့်လက်တွေ သွေးစွန်းကုန်တာပေါ့ဗျာ။
ကျနော့်လက်မှာ စွန်းသွားတဲ့သွေးတွေဟာ အမှန်တစ်ကယ်တော့ ကျနော့်ခန္ဓာကိုယ်ထဲက သွေးတွေပါပဲ။

ခက်တာက ကျနော့်မှာ အိပ်တဲ့အခါ ခြင်ထောင် ထောင်အိပ်တဲ့အကျင့်မရှိတော့ အိပ်တော့မယ်ဆိုရင် မီးပိတ် အိပ်ပြီးပေါ့ဗျာ။ အဲဒီအချိန်မှာ သူတို့က တ၀ှီ ... ၀ှီ ...၀ှီ နဲ့ဗျာ ဘယ်လိုမှ ကောင်းင်းအိပ်လို့မရဘူး။

အဲမနက်မိုးလင်းတော့လည်း ဗိုက်ကြီး တကားကားနဲ့ မထနိုင် မပျံနိုင်ကြတော့လောက်အောင် ကျနော့်ခန္ဓာကိုယ်ထဲက သွေးတွေကို မတော်မတရားစုတ်ထားကြတာလေ။

အဲလိုတွေ တွေ့တော့ ကျနော်လည်း စိတ်မထိန်းနိုင်လို့ စိတ်ရှိလက်ရှိကို ဆော်ထည့်လိုက်တယ်

`` ဖြောင်း´´ သေစမ်းဟဲ့ ခြင်စုတ်ပလုတ်

အဲလိုနဲ့ပဲ ကျနော့်လက်တွေ သွေးစွန်းကုန်တာပေါ့ဗျာ . . . ။

6 ယောက်ကဒီလိုမြင်ပါတယ်:

စိုးထက် - Soe Htet ! said...

ဖြောင်းးး ... ဒါပဲ ...

Phyo Thet Aung said...

ဖြောင်းးးးးးးးးးးးးးးးးးးးးး
ကဲမှတ်ပလား..ခြင်စုတ်ခြင်နာ ခြင်ပဲ့ ...
ကဲသွေးစွန်းသော လက်များပါရှင်....
ဟိဟိ

Tea said...

သည်းခံခြင်းသည် အောင်မြင်ခြင်းတဲ့လေ။ တစ်ကယ်သည်းခံနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် အဆုံး အစွန်ထိတော့ သည်းခံနိုင်တဲ့လူ တော်တော်လေးရှားပါတယ်။

ကိုမော်စီတို့တော့ ခြင်ကို မညှာမတာ သတ်ဖြတ်ထားတာ .. တရားစွဲလိုက်ရနော်.. ဟီးး။ ဖတ်လို့ကောင်းတယ်။

Tea

အိတာ said...

ဖြောင်း ဟီးဟီး...ချော်လဲရောထိုင်တာ...ဒါနဲ့ နဂါးမှန်းသိအောင် အမှီးနန့် ပြရတာ မဟုတ်ဘူးလား??? ဟီးဟီး စတာ ကြိုက်တယ်ဂျ....

သက်မီမီထိုက် said...

နင်ကတော့ လုပ်ချလိုက်ပြန်ပြီ .... ငါကအဟုတ်မှတ်လို့ ဖတ်နေတာ...နောက်တော့ သယခံက ခြင် တဲ့..
ဟိဟိ..

Anonymous said...

ကိုမော်စီရေ
ခြင်ရိုက်မှ သွေးစွန်းတာလား
မဟုတ်ပါဘူး
အရင်ကတည်းကပါ.......။
ဟုတ်စ

Post a Comment