Tuesday, May 20, 2008

လက်ဆော့မိလို့

၁၃၇၀ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ ၂၀၀၈ခုနှစ် မေလ၊ ၂၀ရက် ကျနော်မော်စီသည် လက်ဆော့မိသောကြောင့် တမ်းပလိတ်ပြောင်းလိုက်ရပါသည်။

အကြောင်း အစုံအလင်မှာ . . .lol

မအားတဲ့ကြားက လက်ဆော့မိလို့ ပြောင်းလိုက်ရတဲ့ ကျနော်တမ်းပလိတ်အသစ်လေးပါ။ လက်ဆော့မိလိုက်တာ sidebar က ကျနော့်လင့်တွေတစ်ခုမှ မကျန်အောင်ပျက်သွားတော့ တမ်းပလိတ်ပြောင်းလိုက်ရတာပေါ့ဗျာ။

ဘယ်သူမပြု မိမိအမှုတဲ့လေ။ ကိုယ်က ဖျက်မိတော့ ကိုယ်ပဲ ပြန်ပြင်ရတော့တာပေါ့။ အင်း နောက်တစ်ခါဆို လက်မဆော့ရဲ့တော့ဘူး မအားပါဘူးဆိုနေမှ တမ်းပလိတ်ကပျက်သွားတော့ အလုပ်တစ်ခုပိုသွားတာပေါ့ အဲဒါကြောင့် ပိုပြီး အိပ်ရေးပျက်လာတယ် အိပ်ရေးပျက်လာတော့ နေထိုင်ရတာ အလန်းဆန်းဘူးပေါ့။

နေထိုင်တာမလန်းဆန်းတော့ စိတ်ကမရွှင်ဘူးလေ စိတ်မရွှင်တော့ လုပ်လိုက်တဲ့အလုပ်တွေက အရာမတွင်ပြန်ဘူးပေါ့ အင်း ဆက်ရေးနေရင် ပြီးမှာမဟုတ်တော့ဘူး ဒီလောက်နဲ့ရပ်ထားတာပဲကောင်းပါတယ်လေ။ အချိန်လေးရတာနဲ့ ပိုစ့်တင်နိုင်ဖို့ ကြိုးစားနေမှာပါ လာလည်တဲ့ ဘလော့ဂါမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။
razz

2 ယောက်ကဒီလိုမြင်ပါတယ်:

ပန်းခရေ said...

နာပြောပါတယ်။...မဆော့ပါနဲ့လို့ လက်မဆော့နဲ့ နာ့လိုဖြစ်မယ်လို့...နာ့စကားမှနားမထောင်တာကိုး...
အခုတော့ဖြစ်ပီ..
ဘယ်လိုလုပ်မလဲ.....
ဒါပေမယ့်ဒီတမ်းပလိတ်ကလှတယ်ဟ..
ငါတော့တမ်းပလိတ်ပျက်၇င် ပြန်လုပ်ရတာမှာ ဘာအပျင်းဆုံးလည်းဆိုရင် လင့်ချိတ်တာပဲ...
အရမ်းပျင်းတာ..ဟိဟိ
သူများတွေမသိစေနဲ့..
အမာ နင်ဘလော့ဂါမောင်နှမတွေကိုကျေးဇူးတင်တယ်ဆိုတော့ ငါမပါဘူးပေါ့....ဟုတ်လားဟမ်ပြောပါအုံးကွ..
ငါကနင့်သူငယ်ချင်းဆိုတော့...မပါဘူးပေါ့..
အဟင့်ဝမ်းနည်းတယ် ..
ပြန်ပီ...

နွေမုန်တိုင်း said...

ဒါဆိုလည်း အရင် တန်ပလိလေးပြန်လုပ်ပါလားဗျ အကြံပေးတာပါ

Post a Comment