Sunday, October 14, 2007

၅၂၈ ၏တန်းခိုးများ

နွေးထွေးသောအပြုံးနဲ့
ဖြူစင်တဲ့မေတ္တာတွေကို
တစ်ရစ်တစ်ပတ်နှောင်ဖွဲ့ရင်း
ထာဝရခိုင်မြဲနေသည်မှာ
ဤ ၅၂၈ မေတ္တာပါ . . .

မာယာများသောဝင်္ကပါမှာ
မျက်စိလည်လမ်းမှားရင်း
ပူလောင်သောနှလုံးသားတွေကို
အေးမြသောမေတ္တာနဲ့
ရွှင်လန်းစေတာ
ဤ ၅၂၈ မေတ္တာပါ . . .

ချစ်ခင်သောမျက်ဝန်းနဲ့
ရှိသမျှလူသားတွေကို
မေတ္တာတွေဝေမျှရင်း
အမုန်းများကင်းနေသည်မှာ
ဤ ၅၂၈ မေတ္တာပါ

ရှုပ်ထွေးသောလောကမှာ
အေးမြသောမေတ္တာပေးရင်း
ရိုင်းလှတဲ့ရန်သူတွေကို
ဤ ၅၂၈ မေတ္တာနဲ့
အနိုင်ယူနိုင်မှာပါ . . .

0 ယောက်ကဒီလိုမြင်ပါတယ်:

Post a Comment