Wednesday, October 10, 2007

ဒါပေမယ့်

မျက်ရည်ကျတိုင်း ငိုတာ
မဟုတ်သလို
ငိုတိုင်းလည်း မျက်ရည်
မကျပါဘူး . . .
ဒါပေမယ့် ကျနော်
အကြိမ်ပေါင်းမနည်း ငိုခဲ့ဖူးပါတယ် . . .

ပျော်ရွှင်မှုကို ပိုင်ဆိုင်ချင်ရင်တော့
ဝမ်းနည်းမှုတွေနဲ့ နေသားကျအောင်
လေ့ကျင့်ထားသင့်တယ် . . .
ဒါပေမယ့် ကျနော်
ဝမ်းနည်းမှုတွေနဲ့
နေသားမကျသေးဘူး . . .

ခံစားချက် ဒဏ်ရာတွေကို
ပြေပျောက်အောင်
ဒဏ်ရာကနေ အရသာအဖြစ်
ပြောင်းလဲခံစားသင့်တယ်
ဒါပေမယ့် ကျနော်
ပြောင်းလဲ မခံစားတတ်သေးဘူး . . .

မရေရာတဲ့ မနက်ဖြန်
ပေါင်းများစွာကို ရင်ဆိုင်နိုင်ဖို့
ခွန်အားတွေ ရှိနေသင့်တယ်
ဒါပေမယ့် ကျနော်
ရင်ဆိုင်နိုင်လောက်တဲ့
ခွန်အားတွေ မရှိဘူး . . .


ဒါပေမယ့်တွေကို
ကျော်လွှားနိုင်ဖို့အတွက်
အို . . . ဘုရားသခင်
အကျွန်ုပ်သည် . . .
အေးစက်မာကျောသော
အသည်းနှလုံး ပိုင်ရှင်
ဖြစ်ရပါလို၏ . . .

2 ယောက်ကဒီလိုမြင်ပါတယ်:

ထွန်း said...

အေးစက်မာကျောသော အသဲနှလုံးပိုင်ရှင်ဖြစ်လိုပါက ရေခဲသေတာထဲထဲ့ ပြီး ခဲထား နိုင်ပါသည်။ လွယ်လွယ်လေးများ ခက်အောင်လုပ်ပြီး စာချဲ့ နေတာကိုး ဟီး

ရတ်မန် said...

အင်းလေ ဟုတ်နေတာပဲ ရေခဲသေတ္တာထဲ ထည့်လိုက်ရောပေါ့

Post a Comment