တစ်ရံရောအခါက
အမှတ်မဲ့ပျော်ရွှင်မှုတွေနဲ့
ငါဟာ ပီတိသီချင်းတစ်ပိုဒ်ကို
ရှိုက်ရှိုက်မက်မက်ဆိုခဲ့
ဒါပေမယ့်
အချိန်နဲ့ကြမ္မာ အလှည့်အပြောင်း
ငါ့ဦးခေါင်းကို သင်ကြား
လောကဝေဒနာများ
မျှဝေခံစားဖို့ . . .
ဗော်တိုင်းယား
ဗော်တိုင်းယား ရဲ့ကဗျာတစ်ပိုဒ်ပါ။ ဒီကဗျာကိုဖတ်ပြီး ကျနော်နားလည်ထား
တာက ကျနော်တို့လူသားတစ်ယောက်ရဲ့ အနာဂတ်ကို လတ်တလောအခြေ
အနေကိုလေ့လာရုံနဲ့ ဘာဖြစ်ရမယ်လို့ အသေဟောကိန်းထုတ်လို့မရနိုင်ပါဘူး
ဥပမာ ကျနော်က ဒီအချိန်မှာပျက်စီးလေလွှင့်နေပေမယ့်နောင်တစ်ချိန်မှာ
အချိန် နဲ့ ကြမ္မာ အလှည့်အပြောင်း လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ လောကကြီးမှာ အပြောင်းအလဲတွေရှိကြပါတယ်။ အပြောင်းအလဲ တစ်ခုနှင့်တစ်ခု အချိန်ဘယ်လောက်ကြာတယ်လို့ ထင်လဲ။
ကျနော့်အထင် သုံးစက္ကန့်ထက်ပိုမကြာဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာဗျာ
ကျနော်က ဆေးလိပ်သောက်တတ်တယ် ဆေးလိပ်သောက်တာ မကောင်းတာ
သိတော့ ဆေးလိပ်ဖြတ်မယ် ဟုတ်ပြီး ကျနော်ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်
ချက်ကိုချတာ အလွန်ဆုံးကြာ သုံးစက္ကန့်ပေါ့ဗျာ ဒါပေမယ့် ဆေးလိပ်ဖြတ်မယ် ဆိုတဲ့ဆုံးဖြတ်ချက်ကို ထိန်သိမ်းရတဲ့ အချိန်ကသာကြာတာပါ။ အပြောင်းအလဲ
တွေကို ထိန်သိမ်းဖို့ အချိန်ဘယ်လောက်လိုလဲဆိုရင် လူတစ်ဦးတစ်ယောက်ဆီ
မှာရှိတဲ့ ရင့်ကျက်မှုမှာ မူတည်တယ်လို့ ကျနော်မြင်တယ်။ ဒီလိုပါပဲ လောကကြီး
မထင်တာတွေဖြစ်တတ်တယ်နော် . . . ။
Friday, September 21, 2007
အပြောင်းအလဲ
ရေးသားသူ မော်စီ at 9:04 PM
Labels: ကျနော့်အတွေး
Subscribe to:
Post Comments (Atom)