Tuesday, March 25, 2008

ကျနော်ကြားဖူးသော ဟာသများ (၃)

ကျနော် ဟာသလေးတွေမရေးရတာကြာတော့ ရေးကြည့်တာပါ။ ကျနော် ကြားဖူးခဲ့တဲ့ ဟာသလေးတွေကို ဖတ်ရင်း ဘလော့ဂါမောင်နှမများ ပြုံးပျော်နိုင်ကြပါစေဗျာ . . .။

ကျနော်တစ်ခုလောက်တော့မှာချင်တယ်ဗျာ။ ကျနော်တို့ ဘလော့ဂါတွေပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေ ထဲကပဲဖြစ်ဖြစ် အိမ်ထောင်ကျပြီး သားယောက်ျားလေးမွေးတဲ့အခါ ထွန်းလင်း ဆိုတဲ့နံမည်ကို မမှည့်မိ စေဖို့ပဲ။ဘာဖြစ်လို့လဲ ဆိုတော့ ထွန်းလင်းဆိုတဲ့နံမည်က တော်တော်လေးဆိုးတယ်ဗျ။ ဟိုသီချင်းလေးထဲကလိုပေါ့ `` ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်သည်´´ ကဲကြည့် ဘယ်လောက်ဆိုးလဲ ``ဘာသာရောင် သာသနာရောင်´´ ကိုပြောင်စရာလားဗျာ။

အဲနောက်တစ်ခုရှိသေးတယ် ကျနော်မြို့ကဆောင်းတွင်းဆိုရင် လူကြီး၊လူငယ် မနက်စောစော လမ်းထလျှောက်ကြတယ်ဗျာ။ ဆောင်းဦးမှာဆိုတော့ လမ်းလျှောက်နေကျ မဟုတ်တော့ ကျနော်တို့လမ်းထိပ်က ဘကြီးတစ်ယောက်က အညောင်းမိသွားတယ်ပေါ့။ အဲဒါကို ပိုက်ဆံအကုန်ခံပြီး အနှိပ်သည်ခေါ်မလို့ ကျနော်လည်းရောက်သွားရော ပိုက်ဆံအကုန်ခံပြီး အနှိပ်သည်မခေါ်ဖို့ ကျနော်ကိုယ်တိုင် ပိုက်ဆံတစ်ပြားမှ မယူပဲ အလကားစေတနာနဲ့ နင်းပေးမယ်ပြောတော့ သူကလက်မခံဘူး။

ကျနော် အတန်တန်ပြောပါတယ် ကျနော်နင်းပေမယ်လို့ မရဘူး သူက အနှိပ်သည်ပဲခေါ်မယ်လုပ်နေတယ်။ ဘာဖြစ်လို့ဘကြီးက လက်မခံတာလဲလို့ ထင်လည်း ကျနော်က ခြေထောက်နဲ့နင်းတာမှ မဟုတ်တာ ကားနဲ့နင်းပေးမှာလေ။ အညောင်းပိုပြေတာပေါ့ ဟုတ်ဖူးလား။ ဘလော့ဂါမောင်နှမများလည်း ညောင်းရင်ကျနော်ကိုခေါ်လိုက်နော် ကျနော်စေတနာနဲ့လာနင်းပေးမယ် ကားနဲ့လေ။

3 ယောက်ကဒီလိုမြင်ပါတယ်:

စိုးထက် - Soe Htet ! said...

တော်သေးတာပေါ့ လမ်းကြိတ်စက် မောင်းတဲ့ လူ မဟုတ်တာပဲ ကျေးဇူးး :P

မြန်မာပြည်ကိုလွမ်းတယ် said...

ဟုတ်ကဲ့ရှင့်...အညောင်းမိတယ်မပြောမိ
အောင်အထူးသတိ ထားလိုက်ပါ့မယ်...
စေတနာကိုလေးစားတယ်ဗျိုးးးးးးးးးး။

Winkabar said...

ကားနဲ့ဆို နင်းတယ် ဘယ်ခေါ်တော့မလဲကိုမော်စီရဲ့။ တက်ကြိတ်တာ ဖြစ်သွားပြီ။ :D။ ကြံကြံဖန်ဖန် တွေးတတ်ပါတယ်။

Post a Comment