တစ်ကယ်တော့ ကျနော်အချစ်ကို ရူးသွပ်ခဲ့တာပါ။ ရူးသွပ်နေမှန်း သိပါလျက်နဲ့
အဲဒီရူးသွပ်မှုကို ထိန်းလို့မရတာ ဘာကြောင့်ပါလိမ့်။ လူနှစ်ယောက်ရဲ့ဆက်ဆံရေး
တစ်ခုဟာ ကြိုးတစ်ချောင်းကို ကိုင်ထားသလိုပါပဲ။ တစ်ယောက်ကဆွဲတဲ့အခါ ကျန်
တစ်ယောက်က အလိုက်သိစွာလျှော့ပေးရမယ်လေ။
နှစ်ယောက်စလုံးဆွဲခဲ့ရင်တော့ ကြိုးကတင်းပြီးပြတ်လိမ့်မယ်။ ပြတ်သွားပြီး ပြန်ဆက်
လို့ရခဲ့ရင်တောင် ဒဏ်ရာတွေရဲ့ အမာရွက်တွေကျန်ခဲ့အုံးမှာပေါ့။ အဲနောက်တစ်ခု
တစ်ယောက်တည်းကပဲ အမြဲတမ်းဆွဲနေမယ်ဆိုရင် ကျန်တစ်ယောက်ကရော အမြဲ
တမ်းလျှော့ပေးနိုင်ပါ့မလား။ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့လူသားပဲဗျာ
အကန့်အသတ်မဲ့ ပေးဆပ်မှုတွေရှိရအောင် ဝေသံဿရာမှ မဟုတ်ပဲနော်။
အချစ်လောကကြီးမှာ ပေးဆပ်ခြင်း၊ ရယူခြင်းတို့ ရှိကြတယ်တဲ့။ လူတိုင်းကတော့
ရယူပိုင်ဆိုင်ချင်ကြမှာပေါ့ အခြေအနေတစ်ခုကြောင့် ပိုင်ဆိုင်ခွင့်မရပဲ ပေးဆပ်လိုက် ရတာပါ။ အဲဒီပိုင်ဆိုင်ခွင့်မရတဲ့ အခြေအနေကို ဘယ်သူတွေက ဖန်တီးခဲ့ပါသလဲ။
ဘယ်သူမပြု မိမိအမှုတဲ့ ရှေးလူကြီးတွေပြောခဲ့တာ စကားပုံတစ်ခု အနေနဲ့ပေါ့။
လူတိုင်းကတော့ ပျော်ရွှင်မှုကိုပဲ နှစ်သက်ကြတာပါ။ ကျနော်ဆို အမြဲတမ်း ပျော်ပျော်ပဲ နေချင်ခဲ့တာ။ ဒါပေမယ့် ကျနော်တို့ သေသေချာချာ စဉ်းစားကြည့်မယ်
ဆိုရင် ၀မ်းနည်းမှုတွေကြောင့် ပျော်ရွှင်မှုတွေက တန်ဖိုးရှိနေတာပါ။ဒုက္ခတွေကြောင့်
သုခတွေ နာမည်ကြီးနေတာပါ။ အကောင်းနဲ့အဆိုးက တစ်အိမ်ထဲမှာ အတူတူနေကြ
တာလေ။ ကျနော်တို့ လူ့လောကကြီးက သူတို့အိမ်ပေါ့။ အဲဒီအိမ်ကို သွားလည်ရင်
အကောင်းရောအဆိုးပါ တွေ့ရမှာပါ။
အချစ်ဆိုတဲ့ခံစားမှုကြောင့် ပျော်ရွှင်မှုတွေရရှိသလို ၀မ်းနည်းမှုတွေနဲ့လည်း ကြုံတွေ့ရမှာပါ။ အချစ်ကြောင့် ရှင်သန်ခဲ့တာရှိသလို အချစ်ကြောင့်ပဲ သေဆုံးနိုင်
ပါတယ်။ အချစ်ကြောင့် အချစ်ကြောင့်တဲ့ . . .
ကျနော့်စိတ်မှာရှိတာတွေကို ရေးခဲ့ခြင်းပါ။ အချိန်ကုန်ခံပြီး လာရောက်ဖတ်ရှု့ပေးတဲ့
blogger ညီအကို မောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
Friday, October 19, 2007
အချစ်ကြောင့်တဲ့
ရေးသားသူ မော်စီ at 8:13 PM
Labels: ကျနော့်အတွေး
2 ယောက်ကဒီလိုမြင်ပါတယ်:
- နေလင်း said...
-
ဒီလိုရေးချခဲ့တယ်ဆိုတဲ့ ခံစားမှုကပဲ အသက်ဝင်နေတာပါ...ကျွန်တော်ခံစားလို့ရတယ်...
- October 20, 2007 at 1:33 PM
- Su said...
-
ခိုက်တယ်ဗျာ.... ;)
- October 21, 2007 at 8:12 AM
Subscribe to:
Post Comments (Atom)