Sunday, September 16, 2007

မဖတ်ပါနဲ့

ကျနော်ရယ်စရာလေးတစ်ခု ရေးမလို့ပါ။ ကျနော်ကြားဖူးတဲ့ ဟာသတွေထဲက တချို့
တွေကိုပေါ့။ ကျနော် ရယ်စရာတွေကို ရေးရတဲ့ ရည်ရွယ်ချက်က ကျနော် blog ကို
လာပြီး ပြုံးပျော်သွားစေချင်တဲ့ ဆန္ဒလေးနဲ့ပါ။ ဒါပေမယ့် အခု ကျနော် မရေးချင်
တော့ဘူးဗျာ သူငယ်ချင်းတို့ ကိုကို မမ တို့ ဆက်မဖတ်ကြနဲ့တော့နော်။ ဆက်မဖတ်
ဘူး မှုတ်လား မဖတ်ပါနဲ့တော့ ကျနော်ဘာမှမရေးထားဘူး ဖတ်နေရင် အလကား
အချိန်ကုန်တာပဲ အဖက်တင်မယ် ဆက်မဖတ်နဲ့တော့ အော် မဖတ်ပါနဲ့ဆိုမှ ဖတ်နေ
ပြန်ပြီး ကဲကြည့် ပြောနေရင်းနဲ့ ဖတ်နေတာ တစ်ဝက်ကျော်သွားပြီး ကျနော်
အတန်တန်တားတယ်နော် ဆက်မဖတ်ပါနဲ့တော့လို့ ခဏနေ စာကဆုံးတော့မယ်
တော်တော်ပြောရခက်တယ် မဖတ်ပါနဲ့ဆို ဇွတ်ဖတ်တယ် တားမရလဲ ဖတ်ဗျာ . . .

ဟဲ ဟဲ အပျော်ပါ . . .မဖတ်ပါနဲ့ဆိုမှ . . .ဟင့်

2 ယောက်ကဒီလိုမြင်ပါတယ်:

yu said...

မဖတ်ပါနဲ.ဆိုမှ အဆုံးထိဖတ်လိုက်မိတဲ့ သူတွေထဲမှာ ယုလဲပါ ပါတယ်ရှင်... :D

Anonymous said...

နာရဲဖတ်ပီးတွားပီ--အဟင့်--တူတော်တော်ဆိုး--

Post a Comment