မင်္ဂလာရှိသော အချိန်အခါဖြစ်ပါစေ။ စတင်ခြင်းဆိုတာ ကျနော် ဘလော့ကိုစတင်
ရေးသားခြင်းကိုဆိုလိုပါတယ်။ ကျနော်ဘလော့ကို တည်ဆောက်ထားတာတော့
ကြာပါပြီး ဒါပေမယ့် ဘာ post မှမတင်ဖြစ်ပါဘူး။ မအားတာလား ပျင်းတာလား
မသိပါဘူး ပျင်းတာပဲဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဘလော့ရေးမယ်ဆိုပြီး ရေးပါလေရော
ရေးတယ်ရေးတယ်နဲ့ ဘာတွေရေးရမှန်းလည်းမသိဘူး အရင်ကရေးထားတဲ့ကဗျာ
တွေကို တင်တာလောက်ပဲရှိပါသေးတယ်။ နောက်ထပ်ရေးသားမယ့်အရာတွေကို
စဉ်းစားရင်း ရေးသားမှုတွေပြုလုပ်သွားမှာပါ။ ကျနော်ဆီကို လာရောက်လည်ပတ်ကြ
တဲ့ ဘလော့ကာ ကိုကိုကြီး မမကြီးတွေကို ကျေးဇူးအထူးတင်ပါတယ်။
ကျနော်ကိုလည်းလက်တွဲခေါ်ယူကြပါ။
Friday, August 31, 2007
စတင်ခြင်း
ရေးသားသူ မော်စီ at 12:20 AM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: အမှတ်တရလေးများ
Thursday, August 30, 2007
ရယ်စရာကဗျာ
ဟား ဟား ဟား
ဟီး ဟီး ဟီး
ဟဲ ဟဲ ဟဲ
ဟား ဟား ဟား
ဟဲ ဟဲ ဟား
ဟီး ဟီး ဟား
ဟား ဟား ဟား
(ဘယ်လိုလဲ ရယ်ရတယ်မှုတ်လား)
ရေးသားသူ မော်စီ at 11:54 PM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကဗျာ
ဘာပေတံနဲ့တိုင်းကြမလဲ
လောကမှာ လူဆိုလို့
ယောကျာ်းရယ် မိန်းမရယ်
ဒီနှစ်မျိုးပဲ ရှိတာပါ
လူသားအချင်းချင်း
အဆင့်အတန်းတွေကို
ဘာပေတံနဲ့တိုင်းကြမလဲ
ဂုဏ်ပကာဓနတွေကို
သင်္ခါရသဘောတရားနဲ့
စဉ်းစားကြည့်ကြပါစို့
ရေးသားသူ မော်စီ at 7:24 AM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကဗျာ
Friday, July 20, 2007
ရင်တွင်းဝေဒနာ
ရင်ကိုဖိလိုက်ရုံနဲ့
ရင်ထဲကဝေဒနာတွေ
မပြေပျောက်နိုင်ပါဘူး
မင်းရဲ့လှပတဲ့နှုတ်ခမ်းမှ
စကားသံ
ငါ့ရင်ကို လာရောက်ခက်တဲ့
မင်းရဲ့စွပ်စွဲချက်
ပြန်လည်ဖြေရှင်းခွင့်မရတဲ့
ငါ့ရဲ့အဖြစ်ကို စာနာလှည့်ပါ
နှလုံးသားခြင်း နီးစပ်ဖို့
ကြီးစားရင်း
အလွမ်းအဆွေးတွေ
ပြည့်နှက်နေတဲ့
ဗွက်အိုင်ထဲ ချော်ကျခဲ့လို့
တစ်ကိုယ်လုံးမှာ
အလွမ်းအဆွေးတွေ
ပေကျံနေပါလျက်
မင်းသိအောင် ငိုပြဖို့
မကြိုးစားမိတာ ငါ့အပြစ်လား
ရေးသားသူ မော်စီ at 6:21 AM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကဗျာ

