Sunday, September 9, 2007

သဘာဝ

စီးကျလာတဲ့ မျက်ရည်တွေကို
တားဆီးထားမလား
ဒါမှမဟုတ်
စီးကျခွင့်ပြုမလား
သဘာဝ အတိုင်းပဲကောင်းပါတယ်
ပွင့်ချိန်တန်တော့ပွင့်ပြီး
ကြွေချိန်တန်တော့လည်း
ကြွေသွားတာပဲလေ . . . .

Tuesday, September 4, 2007

ပြည်မြို့အမှတ်တရ

ကျနော် ငယ်ငယ်တုန်းက ခလေးပေါ့ ဟဲ ဟဲ အပျော်ပါ ကျနော် ပြောချင်တာက
ကျနော်တို့ ငယ်ငယ်တုန်းက ယောင်ပေစူးလေးတွေနဲ့ကွယ် ပုဆိုးကို
စလွယ်ကာရွာဝိုင်းပတ်လည် ရောသီချင်းနဲ့ရောသွားတယ် ဒီတခါတစ်ကယ်
ပြောပြီး ကျနော် ငယ်ငယ်တုန်းက မွန်ပြည်နယ်လမိုင်းမြို့နယ်က
ကော့ဒွတ်ရွာမှာ နေတာပါ။ အဲဒီနောက် ကျနော် ၃တန်းရောက်တော့
ကျနော့် ဦးဝယ်ထားတဲ့ ပြည်မြို့ကအိမ်မှာ သွားနေရတယ်။ ကျနော့်
ဦးကရေနံဝန်ထမ်းတစ်မို့အညာဘက်မှာပဲ အလုပ်လုပ်ရတော့
ပြည်မြို့ကအိမ်ကိုဝယ်ဖြစ်သွားတာပါ။ အဲဒီတော့ ကျနော့်ဦး
နှင့်အတူ ပြည်မှာသွားနေတာပေါ့။ အဲဒီတုန်းကကျနော်ဗမာစကားကိုကော
င်းကောင်းမတတ် သေးဘူး။ ပြည်မှာ အမှတ်(၁)ကျောင်းနှင့်တွဲဖက်
ပန်းပဲတန်းမူလတန်းကျောင်းမှာ ကျောင်းနေရတယ်။ ကျနော်
ကျောင်းစတက်တဲ့နေ့မှာ ကျနော်အကိုက ကျောင်းကိုလိုက်ပို့ပေးတယ်။
အတန်းထဲရောက်တော့ အတန်းထဲက ကောင်လေး၊ကောင်မလေးတွေက ကျနော်ကို
မွန်လူမျိုးဆိုပြီး ထူးထူးဆန်းဆန်းဝိုင်းကြည့်ကြတာ ကျနော်မှာ
ဟဟ ဘာဖြစ်တာလဲ တစ်ခုခုပြန်ပြောဖို့လည်းဗမာစကားကို ကောင်းကောင်းမတတ်တော့ အခက်တွေ့နေတာပေါ့။ ခဏတော့ ဆရာမက အတန်းဝင်လာမှ သူတို့က နေရာပြန်ထိုင်ကြတာ ကျောင်းစတက်တဲ့နေ့က အမှတ်တရလေးပါ။ မိုးတွင်းရောက်တော့ ကျနော်တို့နေတဲ့
ရပ်ကွက်က ရေမြုပ်တော့ သွားလာရတာအခက်အခဲ ဖြစ်တာပေါ့။ ကျနော့်အမက
ဈေးတစ်ခါသွားရင် တစ်ပတ်စာနှစ်ပတ်စာ ၀ယ်လာရောအဲဒီမှာပဲ ဆိတ်သားကို
နှစ်ပတ်လောက် စားလိုက်ရတာ ဒီနေ့အထိ ဆိတ်သားကို ကျနော် မုန်းသွားတာ။
ကျောင်းက ကျနော်တို့အိမ်နဲ့ နည်းနည်းလေးဝေးတယ် စက်ဘီးနဲ့သွားကြတာ။
နေတာကြာတော့လည်း ဗမာစကားကို လည်လည်ဝယ်ဝယ်တတ်လာပါတယ် သူငယ်ချင်းတွေလည်း
အများကြီးရလာတယ်။ သူငယ်ချင်းတွေက ကျနော့်ရဲ့နာမည်ကို မခေါ်ပဲ မွန်လေး
မွန်လေးနဲ့ ဆရာမတွေကအစခေါ်ကြတာ။ ကျောင်းထဲမှာ တစ်ဦးတည်းသော မွန်ဆိုတော့
လူသိများတာပေါ့။ ကျောင်းပိတ်ရက်တွေမှာကျနော်တို့ ရွှေဆံတော်ဘုရားကို
သွားဖူးလေ့ရှိပါတယ်။ ရွှေဆံတော်ဘုရားမှာ ထူးခြားချက်တစ်ခု
ရှိတယ်။ အဲဒါက ရွှေဆံတော်ဘုရားမှာ ထီးတော်နှစ်ခု ရှိတယ်ဆိုတာပါ။
ထီးတော်ငယ်နှင့် ထီးတော်ကြီး ဆိုပြီး ထီးတော်ငယ်ကိုမွန်လူမျိုးတို့တင်ထားပြီး ထီးတော်ကြီးကို ဗမာတွေနောက်ထပ်တင်ထားတာပါ။ များသောအားဖြင့် ကျနော်တို့သုံးယောက်ပဲ အိမ်မှာနေရတာပါ။ ကျနော့်ဦးက သူအလုပ်လုပ်တဲ့နေရာမှာ အနေများတယ်။ အဒေါ်က
အဖွားကိုပြုစုဖို့ ရွာမှာကျန်ခဲ့တယ်။ ကျနော်တို့မောင်နှမသုံးယောက်ကို ဆွေမျိုးရင်းခြာတွေလို ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျနော့်အမရဲ့အတန်းပိုင် ဆရာမရဲ့ကျေးဇူးကို ဒီနေ့အထိ အောက်မေ့နေလျက်ပါ။ ကျနော် ပြည်ကို စရောက်တဲ့နှစ်မှာ န၀ဒေးတံတား တိုင် ၄ တိုင်ထူထားပြီးဖြစ်တယ်။ ကျနော် ပြည်မြို့ကို စွန့်ခွာခဲ့တဲ့နှစ်မှာပဲန၀ဒေးတံတား ဖွင့်ပွဲပြုလုပ်ပါတယ်။ ကျနော် ပြည်မြို့ကိုစွန့်ခွာခဲ့ ၁၅ နှစ်ကျော်ရှိပါပြီး။ ကျနော် လျှောက်
ခဲ့ဖူးတဲ့ တာဘောင်ရိုးမှာ ကျနော်ရဲ့ခြေရာတွေ ကျန်ရစ်နေအုံးမယ်လို့
ယုံကြည်နေဆဲပါ။

Sunday, September 2, 2007

မထင်ရဘူးနော်




ကြိုက်မယ်လို့ထင်ပါတယ် ဒါပေမယ့် ကြိုက်လို့တော့မရဘူး
ဘာဖြစ်လို့လဲ ဆိုတော့
သူတို့က မိန်းကလေးစစ်စစ်မဟုတ်ပါ ဖြတ်ဖောက်ချုပ်တဲ့ဗျာ။
လုံးဝမထင်ရဘူး မသိလို့ကြိုက်မိရင်တော့ ဒုက္ခ။

လှချက်ပြင်းတယ်






ဒါက ဘန်ကောက်မှာကျင်းပတဲ့ မယ်ပြိုင်ပွဲပါ
မယ်တော့မယ်ပဲ ဒါပေမယ့် အခြောက်မယ်ဖြစ်နေတယ်

Friday, August 31, 2007

စတင်ခြင်း

မင်္ဂလာရှိသော အချိန်အခါဖြစ်ပါစေ။ စတင်ခြင်းဆိုတာ ကျနော် ဘလော့ကိုစတင်
ရေးသားခြင်းကိုဆိုလိုပါတယ်။ ကျနော်ဘလော့ကို တည်ဆောက်ထားတာတော့
ကြာပါပြီး ဒါပေမယ့် ဘာ post မှမတင်ဖြစ်ပါဘူး။ မအားတာလား ပျင်းတာလား
မသိပါဘူး ပျင်းတာပဲဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဘလော့ရေးမယ်ဆိုပြီး ရေးပါလေရော
ရေးတယ်ရေးတယ်နဲ့ ဘာတွေရေးရမှန်းလည်းမသိဘူး အရင်ကရေးထားတဲ့ကဗျာ
တွေကို တင်တာလောက်ပဲရှိပါသေးတယ်။ နောက်ထပ်ရေးသားမယ့်အရာတွေကို
စဉ်းစားရင်း ရေးသားမှုတွေပြုလုပ်သွားမှာပါ။ ကျနော်ဆီကို လာရောက်လည်ပတ်ကြ
တဲ့ ဘလော့ကာ ကိုကိုကြီး မမကြီးတွေကို ကျေးဇူးအထူးတင်ပါတယ်။
ကျနော်ကိုလည်းလက်တွဲခေါ်ယူကြပါ။

Thursday, August 30, 2007

ရယ်စရာကဗျာ

ဟား ဟား ဟား
ဟီး ဟီး ဟီး
ဟဲ ဟဲ ဟဲ
ဟား ဟား ဟား
ဟဲ ဟဲ ဟား
ဟီး ဟီး ဟား
ဟား ဟား ဟား

(ဘယ်လိုလဲ ရယ်ရတယ်မှုတ်လား)

ဘာပေတံနဲ့တိုင်းကြမလဲ

လောကမှာ လူဆိုလို့
ယောကျာ်းရယ် မိန်းမရယ်
ဒီနှစ်မျိုးပဲ ရှိတာပါ
လူသားအချင်းချင်း
အဆင့်အတန်းတွေကို
ဘာပေတံနဲ့တိုင်းကြမလဲ
ဂုဏ်ပကာဓနတွေကို
သင်္ခါရသဘောတရားနဲ့
စဉ်းစားကြည့်ကြပါစို့