Sunday, August 10, 2008

ဖြစ်ချင်မှုနဲ့ မျှော်လင့်ခြင်းများ

ဖြစ်ချင်တာတွေ
မဖြစ်လာတဲ့အခါမှာ
ဝမ်းနည်းတတ်ကြတယ်လား။

ဟုတ်နိုင်ပါတယ်
မျှော်လင့်ခြင်းတိုင်းက
ပြည့်စုံတတ်တာမှ မဟုတ်ပဲလေ။

ဖြစ်ချင်တာတွေ
မဖြစ်လာတာနဲ့
မျှော်လင့်ခြင်းတွေ
မပြည့်စုံတာတွေနဲ့
အမြဲတမ်း ခရီးဆက်နေရတော့။

ဘာကိုမှလည်း
မဖြစ်ချင်တော့သလို
ဘာကိုမှလည်း
မမျှော်လင့်ချင်တော့ပါဘူး။

ဖြစ်ချင်တာတွေ
မျှော်လင့်ခြင်းတွေနဲ့
ဟိုး . . . အဝေးကို

5 ယောက်ကဒီလိုမြင်ပါတယ်:

Dream said...

ဖြစ်ချင်တာတွေမဖြစ်ရ
မဖြစ်ချင်တာတွေဖြစ်လာရတဲ့
ဘ၀မှာမျှော်လင့်ချက်ဆိုတဲ့အရာဟာအားဆေးတခွက်ပါ..
လူဆိုတာမျှော်လင့်ချက်တွေနဲ့သက်ရှင်မှသဘာဝကျတာပါ။

(ဟိုးအဝေးဆုံးကိုမျှော်လင့်ချက်မဲ့စွာနဲ့တော့ထွက်မသွားနဲ့နော်။
ဟွန်း... :P )
ဖြစ်ချင်တဲ့ဆန္ဒတွေအမြန်ဆုံးဖြစ်လာပါစေလို့မျှော်လင့်ပါတယ်။

လင်း said...

စကားလုံးတိုင်းကိုကြိုက်တယ်

Chaos said...

မျှော်လင့်ခြင်းတိုင်းက မပြည့်စုံတတ်တာတော့လဲမှန်တယ်
ဒါပေမယ့် မျှော်လင့်ချက်တွေပြည့်စုံဖို့ မျှော်လင့်နေရတာကိုက ရှင်သန်မှုတစ်ခုကို အဓိပ္ပါယ်ပိုရှိနေစေသလိုပဲနော်

Lway Ywet Sein said...

လာလည်တယ်မွန်လေးရေ။ မတွေ့ရတာတော်တော်ကြာတော့ မေ့ပြီလားမသိဘူးနော်။ ဒီ post စိမ်းနဲ့အရမ်းတိုက်ဆိုင်နေတယ် ကျေးဇူးနော်။

Unknown said...

ကိုမော်စီရေ... ကျနော်လည်း နေရာဒေသပြောင်းလို့ အားလုံးက အသစ်တွေနဲ့ချည်းပဲရင်ဆိုင်နေရတယ်ဗျာ.... အဆင်တော့ပြေပါတယ်... ကိုမော်စီရော... ဘာတွေလုပ်နေတုန်း....

Post a Comment