Friday, July 18, 2008

လုပ်ကြပါအုံးဗျို့

ကျနော်အခုတလော အရမ်းကိုအလုပ်ရှုပ်နေပါတယ်။ လာမယ့် တနလာင်္နေ့မှာ ကျနော်စာမေးပွဲလည်းရှိပါတယ်။ အခုကျနော်နောက်ဆုံးတင်ထားတဲ့ Uni Mon နှင့် Zawgyi-One ပိုစ့်ကိုလည်း ကျနော်ရေးထားတာကြာပါပြီး မအားသေးလို့ မတင်ဖြစ်သေးပဲ ဇူလိုင် ၁၆ ရက်နေ့ကမှ အချိန်လုပြီး ကျနော်တင်လိုက်တာပါ။

အခုတလော ကျနော်နာမည်နဲ့ ယုန်ကလေး စီပုံးမှာ တစ်ယောက်က်က သွားအော်နေပါတယ်။ ဘယ်သူလဲဆိုတာ ကျနော်လည်းမသိဘူး။
ကျနော်နောက်ဆုံး ယုန်ကလေးစီပုံးမှာ သွားအော်ထားတာပါ
13 Jul 08, 04:53
မော်စီ: ယုန်ကလေးရေ နေကောင်းလားဗျ နဲနဲရှုပ်နေလို့ အခုမှ လာလည်နိုင်တော့တယ် ဒါနဲ့ ကျနော့်ရဲ့မွန်ကဗျာလေးကို လာဖတ်ပါအုံးနော်

ကျနော့်ရဲ့ မွန်ကဗျာ နဲ့ ပက်သက်တဲ့ ပိုစ့်ကို လာရောက်ဖတ်ဖို့ သွားဖိတ်တာပါ။ ဒီလိုမျိုး ဘလော့တော်တော်များများကို ကျနော် သွားဖိတ်ထားပါတယ်။ ကျနော်ပိုစ့်ကို ကော့မန်းတွေလည်း အများကြီးပေးသွားကြပါတယ်။

အဲဒီနောက်ပိုင်း ကျနော်ယုန်ကလေးဘလော့ကို မရောက်ဖြစ်ပါဘူး။ ဒီမနက်မှ ကျနော် စီပုံးမှာ ယုန်ကလေး လာအော်တာ
ယုန်ကလေး: မော်စီရေ လာလည်သွားပါတယ်နော် ရင်ခုန်မဲ့စကားတော့မပြောတတ်ဘူးလေ

တွေ့တော့ တစ်ခုခုတော့မှားနေကြောင်း ကျနော်ရိပ်မိပါတယ်။ အဲဒါနဲ့ယုန်လေးဘလော့ကိုသွားကြည့်လိုက်တော့

မော်စီ: လာလည်ပါတယ် ယုန်းလေးရေ ရင်ခုန်မဲ့ စကားတွေ မပြောတော့ဘူးလား


ဒီလိုအော်ထားတာတွေ့ရပါတယ်။ ကျနော်မဟုတ်ပါဘူးခင်ဗျာ။ ယုန်ကလေးရဲ့ စီပုံးက older mesages ကို ကျနော်ဖတ်ကြည့်တော့ ဒီလိုအော်ထားတာကို ထပ်တွေ့ရပါတယ်

မော်စီ: မော်စိဟာ မွန်လေးတယောက်ဖြစ်ပေမဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်
မော်စီ: မွန်လေးလည်းရင်ခုန်တတ်ပါတယ်
မော်စီ: အိပ်မက်တော့မလုပ်ပါနဲ့ ယုန်းကလေးရေ

အဓိက ကျနော်မဟုတ်ကြောင်းကို ယုန်ကလေးကိုသိစေချင်ပါတယ်ခင်ဗျာ။ IP address ကိုလည်း စစ်ကြည့်စေချင်ပါတယ်။ ကျနော့် IP address ကိုဖော်ပြပေးလိုက်ပါတယ် ( 125.26.48.10)

အခုတလော ကျနော်ဘလော့လည်နိုင်မည် မဟုတ်ပါ။ ကျနော့်နာမည်နဲ့ မဟုတ်တာလာအော်ခဲ့ရင်တော့ ကျနော်မဟုတ်ကြောင်း အသိပေးပါရစေခင်ဗျာ။

ဘလော့ဂါမောင်နှမများကို အစဉ်လေးစားလျက် . . .

3 ယောက်ကဒီလိုမြင်ပါတယ်:

ပန်းခရေ said...

အင်းဒီလိုသူများနာမည်ကို အလွဲသုံးစားလုပ်ပီး လိုက်အော်တာတော့ မကောင်းဘူးပေါ့...ဘလော့ဂါမောင်နှမခြင်း တစ်ယောက်နဲ့တစ်ယောက် အထင်လွဲစေမယ့် စကားမျိုးမပြောသင့်ဘူးလို့
ပြောချင်ပါတယ်..
ခုလိုကိုမော်စီပြောပြလို့သာသိရတာ..ယုန်ကလေးအတွက်လည်း မကောင်းဘူးပေါ့..။
အင်းမော်စီ့အိုင်ပီကိုပဲ တိုက်ပီးစစ်ရတော့မှာပေါ့..
း)..ကျေးဇူးတင်ပါတယ်..။ ခုလိုအသိပေးတဲ့အတွက် ကျေးဇူးပါ..။

Anonymous said...

ဆော်ရီးပါပဲ ကိုမော်စီရေ ယုန်လေးလည်း ကိုမော်စီထင်လို ပြန်လာအော်တာပါနဲ အမှားပါခဲ့ရင်ခွင့်လွတ်ပါနော်။ အင်း အဲ့လိုလုပ်တာတော့မကောင်းပါဘူး။ အခု ဘယ်သူလဲ မသိဘူးနော်။ စိတ်ထဲမထားပါနဲ။

ကျေူးဇူးတင်ပါတယ် အခုလို ပြန်ပြောပြပေးတဲ့အတွက်နော်။

ယုန်ကလေး

လင်းဦး(စိတ်ပညာ) said...

Blog တွေမှာ အဲ့လိုမျိုးတွေ ခဏခဏ ဖြစ်နေပါပြီ။
စောင့်ထိန်းသင့်တယ်လို့ ထင်မိတယ်။ နားလည်မှု လွဲသွားရင်လည်း မကောင်းပါဘူး။ ဒါဟာလည်း စ စရာမဟုတ်ဘူး။ သူများနာလည်နဲ့ ယူသုံးတာ မကောင်းပါဘူး။ ။ ကိုမော်စီ အဆင်ပြေပါစေဗျာ။ :)

Post a Comment