Friday, November 16, 2007

ရွှေချသိမ်းထားဖို့

မိုးကောင်းကင်မှာ
တိမ်တွေ ဖရိုဖရဲနဲ့
လှပနေတယ် ချစ်သူ . . .

ကမ္ဘာမြေပြင်မှာတော့
မင်းရဲ့အလှနဲ့
အရာရာ ကဗျာဆန်နေလေရဲ့ . . .

ရင်ခုန်အောင် ပြုံးတတ်တဲ့
မင်းလေးရဲ့ နှုတ်ခမ်းတစ်စုံကို
ရွှေချသိမ်းထားဖို့
အခု . . . ကိုယ်
ရွှေတွေစုနေတယ် . . .

2 ယောက်ကဒီလိုမြင်ပါတယ်:

Chaos said...

ရွှေတွေ အမြန်ပြည့်ပါစေ
ကိုမီစော်ရေ

အောင်မျိုးဟန် said...

ရွှေ ရ မည်ရွှေ။ ရွှေရောင်းမယ် ဗျို့

Post a Comment