ရင်ကိုဖိလိုက်ရုံနဲ့
ရင်ထဲကဝေဒနာတွေ
မပြေပျောက်နိုင်ပါဘူး
မင်းရဲ့လှပတဲ့နှုတ်ခမ်းမှ
စကားသံ
ငါ့ရင်ကို လာရောက်ခက်တဲ့
မင်းရဲ့စွပ်စွဲချက်
ပြန်လည်ဖြေရှင်းခွင့်မရတဲ့
ငါ့ရဲ့အဖြစ်ကို စာနာလှည့်ပါ
နှလုံးသားခြင်း နီးစပ်ဖို့
ကြီးစားရင်း
အလွမ်းအဆွေးတွေ
ပြည့်နှက်နေတဲ့
ဗွက်အိုင်ထဲ ချော်ကျခဲ့လို့
တစ်ကိုယ်လုံးမှာ
အလွမ်းအဆွေးတွေ
ပေကျံနေပါလျက်
မင်းသိအောင် ငိုပြဖို့
မကြိုးစားမိတာ ငါ့အပြစ်လား
Friday, July 20, 2007
ရင်တွင်းဝေဒနာ
ရေးသားသူ မော်စီ at 6:21 AM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကဗျာ
Subscribe to:
Posts (Atom)