Friday, July 20, 2007

ရင်တွင်းဝေဒနာ

ရင်ကိုဖိလိုက်ရုံနဲ့
ရင်ထဲကဝေဒနာတွေ
မပြေပျောက်နိုင်ပါဘူး

မင်းရဲ့လှပတဲ့နှုတ်ခမ်းမှ
စကားသံ
ငါ့ရင်ကို လာရောက်ခက်တဲ့
မင်းရဲ့စွပ်စွဲချက်
ပြန်လည်ဖြေရှင်းခွင့်မရတဲ့
ငါ့ရဲ့အဖြစ်ကို စာနာလှည့်ပါ

နှလုံးသားခြင်း နီးစပ်ဖို့
ကြီးစားရင်း
အလွမ်းအဆွေးတွေ
ပြည့်နှက်နေတဲ့
ဗွက်အိုင်ထဲ ချော်ကျခဲ့လို့
တစ်ကိုယ်လုံးမှာ
အလွမ်းအဆွေးတွေ
ပေကျံနေပါလျက်
မင်းသိအောင် ငိုပြဖို့
မကြိုးစားမိတာ ငါ့အပြစ်လား